Part - 3

5.5K 639 15
                                    

[  နမ်းချင်မိတာအပြစ်လား ]

"ဟိုင်း"

သူ့ကိုထိုးခဲ့လို့ လျော်ကြေးလာတောင်းတာတော့ မဟုတ်ဘူးမလား။ ဘာပဲဖြစ်ဖြစ် ငါလည်းနစ်နာခဲ့တာပဲလေ။

"ရိပေါ် သူကမင်းနဲ့ပဲစကားပြောချင်တယ်ဆိုလို့"

"ဟုတ်ကဲ့ သူဋ္ဌေး"

သူဋ္ဌေးထွက်သွားသောအခါ အခန်းထဲတွင်သူနဲ့
ထိုလူနှစ်ယောက်တည်းသာကျန်ခဲ့တော့သည်။

ထိုင်ခုံတွင်မထိုင်နေဘဲ မတ်တပ်ရပ်ကာသတိအနေအထားနဲ့။

"ဒီကအကိုက ကျွန်တော်ကိုဘာများအလုပ်အပ်မလို့လဲ"

စကားမဆို လူအားကြည့်နေလျက် ပြုံးစိစိလုပ်နေသောလူရဲ့မျက်နှာအား ဖျတ်ကန်ချင်လာသည်။
စိတ်လျော့ အလုပ်အပ်တဲ့သူ အလုပ်အပ်တဲ့သူ။

"အရင်ထိုင်ပါဦး "

"မလိုပါဘူး ဒီအတိုင်းပဲပြောပါ"

"နာမည်အရင်မိတ်ဆက်ရမလား ကိုယ်ကရှောင်းကျန့်ပါ"

ထိုင်မယ့်ပုံမပေါ်တဲ့ရိပေါ်ကြောင့် ရှောင်းကျန့်ထိုင်ခုံမှထလာသည်။ ရိပေါ်နဲ့နီးကပ်သည်အထိသွားကာ မျက်နှာအားလက်ဖြင့်ထိုးပြလို့။

"မနေ့ကလက်ချက်ကတော်တော်ပြင်းတယ် ကိုယ်အခုထိမပျောက်သေးဘူး"

အဲ့တော့ထပ်ထိုးပေးရမှာလား !

"အလုပ်ကိစ္စအကြောင်းပဲ​ပြောကြတာပေါ့"

"ပြောနေတာပဲလေ "

ဒီတစ်ခါတော့မိမိရဲ့ရှည်လှသောအရပ်ကို ကျေးဇူးတင်သွားသည်။ ငုံ့မိုးကာကြည့်တော့ မြင်ရတဲ့မျက်တောင်တိုစိပ်စိပ်လေးတွေ။
နှာခေါင်းလုံးလုံးလေး နဲ့ ကြည်လင်တဲ့အသားအရည်။

"အလုပ်ကိစ္စ "

နမ်းချင်စိတ်ဖြစ်ပေါ်လာရသော်လည်း ထပ်ပြီးနမ်းလျှင် အထိုးခံရမည့်အဖြစ်အားသတိရတော့ ခေါင်းကျိန်းသွားရသည်။ လက်ကိုဆွဲလို့ထိုင်ခုံမှာထိုင်စေသည်။

ဘေးချင်းယှဥ်ထိုင်လျှင်ရပါသော်လည်း မျက်နှာအားကောင်းစွာမမြင်ရသောကြောင့် မျက်နှာချင်းဆိုင် သူထိုင်ဖြစ်သည်။

F**k You , Love You [ ZhanYi ] [ COMPLETED ]Where stories live. Discover now