ဇာတ်လမ်း ၇ - Kiss Jin နှင့် သူ၏ကိုကိုများ

1.5K 217 272
                                    


ကျားမြှီးဆွဲကိုကိုများနှင့် မျောက်မူးလဲငယ်လေးများ ဇာတ်လမ်းလေးတွင် အလွဲလေးများ ၊ ကျားမြှီးဆွဲမိခဲ့ခြင်းလေးများ ၊ မျောက်မူးလဲအောင် ဗရုတ်ဗယက်ဖြစ်ခဲ့ခြင်းလေးများကို နို့ပေါင်မုန့် ဂျွန်ဂျောင်ကု ၊ Gucci King ကင်ထယ်ယောင်း ၊ စွံလွန်းကြည် ပတ်ဂျီမင်း ၊ KOD ကင်နမ်ဂျွန်း ၊ ကြောက်ဆော့ ဂျွန်ဟိုဆော့ ၊ SweetestGiGi မင်ယွန်းဂီ၊ KissJin ကင်ဆော့ဂျင် အစရှိသဖြင့် စီနီယာအကိုကြီးများမှသည် တစ်ယောက်ပြီးတစ်ယောက် ကြီးစဉ်ငယ်လိုက်အလှည့်ကျ ဖော်ပြခဲ့ပေးရာ အခုဆိုရင်တော့ နောက်ဆုံးပိတ်အိတ်နဲ့လွယ်ကာ အပီအပြင်လွဲတော့မည့် အငယ်ဆုံးလေး "ကင်ဆော့ဂျင်နှင့် သူ၏ ကိုကိုများ"ဆိုတဲ့ ဇာတ်လမ်းလေးအား ဖတ်ရှုခံစားရတော့မည်ပင် ဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ ကောင်လေး ၇ ယောက်ရဲ့ သရုပ်ဖော် ဇာတ်လမ်းလေးအား စီးမျောလိုက်ပါရင်း ရယ်မောပေးကြပါဦးနော်။

အငယ်ဆုံးလေး ကင်ဆော့ဂျင်ရဲ့ ဇာတ်လမ်းလေးကို ဖော်ပြရမှာတော့ အရှေ့အပိုင်းတွေနဲ့မတူညီဘဲ အရသာတမျိုးလေး ဖြစ်သွားအောင် အရေးအသားအနည်းငယ်ပြောင်းလဲကာ Kiss Jin ဘက်ကနေ အကို ၆ ယောက်နဲ့ ပက်သက်ပြီး သူ့ထင်မြင်ချက်လေးများနှင့်အတူ သူ့ဇာတ်လမ်းကြောင်းလေးကို သူကိုယ်တိုင် ပြောပြနေတဲ့ပုံစံလေးနဲ့ ရေးဖွဲ့ထားပါတယ်။ ခံစားကြည့်လိုက်ကြပါစို့လားရှင်။

====== ဇာတ်လမ်း ၇ ======

တပတ်လျင်(၇)ရက်ရှိသည့် အထဲတွင် (၂ )ရက်ကိုသာ ကျွန်တော် မြတ်နိုးသဘောကျပါသည်။ ထိုကဲ့သို့ ကျွန်တော်မြတ်နိုးသလို ကျောင်းသားတိုင်းလဲ ကျွန်တော်ကဲ့သို့သာ သဘောကျခုံမင်ကြမည် ဟု ထင်ပါသည်။ ထို ၂ ရက်မှာတော့ ကျောင်းပိတ်ရက်ဖြစ်သည့် စနေ နှင့် တနင်္ဂနွေပင် ဖြစ်ပါသည်။

ကျောင်းဖွင့်ရက်ဆိုသည့် နေ့များတွင် ကျောင်းမှီအောင် သွားနိုင်ဖို့ အရေး မနက်စောစော အတင်းကုန်းရုံးပြီး ထရသည်။ ညဆို ဂိမ်းဆော့လိုက် ၊ ဖေ့ဘွတ်သုံးလိုက် ၊ Wattpad ဆိုသည့် Application သုံးကာ ၀တ္ထုတွေ ဖတ်လိုက်နှင့် ကျွန်တော့်ရဲ့ အိပ်ချိန်က ည၁၂ နာရီကျော်သည်အထိဖြစ်သွားတတ်ပြီး တခါတရံ မနက် ၂ နာရီ ၃ နာရီအထိ ရောက်သွားတတ်သည်မို့ အိပ်ရာဝင်နောက်ကျတဲ့ကျွန်တော်အတွက် မနက်စောစောထရမည်မှာ ဘယ်လိုမှ အဆင်မပြေပါ။ သို့ပေမဲ့ မနက် ၈ နာရီတွင်တော့ နှိုးစက်ပေးပြီး အမြဲကုန်းရုံးထရစမြဲဖြစ်သည်။

ကျားမြှီးဆွဲကိုကိုများ နှင့်​မျောက်​မူးလဲငယ်​လေးများ [Completed]Where stories live. Discover now