Part 1

8.7K 283 3
                                    

~ဖြောင်း
(ကြမ်းတမ်းလှတဲ့ ရိုက်နှက်မှုတစ်ခုမှ ထွက်ပေါ်လာတဲ့အသံပင်ဖြစ်သည်)

တစ်ယောက်အရိုက်ခံလိုက်ရတဲ့ပါးကိုကိုင်ရင်း

"မင်း မင်းလို့ရိုက်လိုက်တာလဲ''

ရိုက်လိုက်တဲ့သူကတော့ Aprilမေ ဆိုတဲ့ Emaj မှ Queen လေးဖြစ်ပြီး ဘာမှမလုပ်ပါပဲအရိုက်ခံလိုက်
ရတဲ့သူကတော့ တက္ကသိုလ်တစ်ခုလုံးမှာရှိတဲ့ maj
ပေါင်းစုံက မိန်းကလေးတို့ရဲ့အသဲကျော်ဖြစ်တဲ့
Hist maj က second year ကျောင်းသူလေး
အလင်္ကာ ပင်ဖြစ်သည်

"ဟဲ့ဟဲ့
မေ နင်ဘယ်လိုလုပ်လိုက်တာလဲ"

"ဘာဖြစ်ရမှာလဲ သူကနှာဘူးထပြီး
ငါ့အသားကိုလာထိလို့ သူ့ပါးကိုရိုက်လိုက်တာလေ"

"ဟဲ့"

"ဒီမှာအမိ မင်းရူးနေလား ငါမင်းကိုသိလဲမသိဘူး
မင်းအသားကိုလဲတစ်စက်ကလေးတောင်
မထိဖူးသေးဘူး"

"စောစောက မေ့တင်ပါးကိုလာထိတယ်မဟုတ်ဖူးလား"

မေ့စကားကြောင့် မလုပ်သော်လည်း လင်္ကာရှက်ပြီး

"ကျွတ် ဟာ မင်းကတော့"

သမိုင်းဌာနတွင် အလင်္ကာ့ကိုရိုက်လိုက်တာမို့ ကျောင်းသားကျောင်းသူများအုံလာလေသည်

"ဟဲ့ သီရိ သွားမယ်လာ လူတွေကကြည့်နေပြီ
ငါကြာကြာမနေချင်ဘူး"

အလင်္ကာတစ်ယောက် စပ်ဖြင်းဖြင်းဖြစ်နေတဲ့
ပါးလေးကိုကိုင်ရင်း ထွက်သွားတဲ့မိန်းကလေး
အဖွဲ့ကိုငေးကြည့်ကာကျန်ခဲ့လေသည်

"ကာကြီး ဘာဖြစ်တာလဲ"
အလင်္ကာ့သူငယ်ချင်းများရောက်လာသည်

"မသိပါဘူးအထူးရာ အတန်းချိန်နားလို့ဆင်းလာတာ
အောက်ရောက်တော့ ပါးရိုက်ခံလိုက်ရတာပဲ"

"မင်းကလဲ မင်းရိုက်ခံရလဲတန်ပါတယ်ကွာ
ချစ်စရာလေး ဘယ်ကလဲမသိဘူး ငါတောင်
ရိုက်ခံချင်တယ်"

လင်္ကာ့ငယ်သူငယ်ချင်းဖြစ်တဲ့ မိုးက
"သူလေးက အခုမှ first year လေး
ပြီးတော့ သူက Emaj က Queen လေးနော်"

ထူးနဲ့မိုးတို့ကတော့ အလင်္ကာ့ အရင်းနီးဆုံး
သူငယ်ချင်းများဖြစ်ကြသည်

ကျိန်စာWhere stories live. Discover now