6

6K 854 129
                                    

||Unicode||

" Scenery ပန်းဆိုင် "

ထယ်ယောင်းရဲ့ ပန်းဆိုင် နာမည်ဖြစ်သည်။

Park Jiminဆိုတဲ့ ကောင်လေးကို ရှာဖို့ရာ
သူထွေထွေထူးထူး စဉ်းစားနေစရာမလို။

Jungkookပြန်လာတဲ့ နေ့က ထိနေရာကိုဘဲ ‌ရှင်းလင်းခိုင်းလိုက်ပေမယ့် တပည့်ကျော်တွေက
ဆိုင်ကိုပါ လက်စတုံးလာခဲ့ကြသည်။

အခုတော့ ပန်းဆိုင်နေရာမှာ မြေကွက်လပ် အလွတ်ကြီးသာ ရှိနေသည်။

ပြီးတော့ ထို မြေကွက်လပ်နေရာရှေ့မှာ မတုန်မလှုပ်ရပ်နေတဲ့ လူသေးသေးလေး။

ကားကို ဖြေးဖြေးချင်း မောင်းကာ အနားကပ်လိုက်သည်။

ဆောင်းရာသီမို့ နှင်းတွေက တဖွေးဖွေးကျနေသည် ။

ချမ်းချမ်းစီးစီး ‌လမ်းပေါ်မှာ လူတွေက ခပ်သုပ်သုပ် သွားလာနေကြပေမယ့် ထိုကောင်လေးကတော့ ထိုနေရာကနေ တဖဝါးမှ မခွာ။

သေချာတယ် ဒါ park Jiminဆိုတာဘဲ ဖြစ်မည်။

ကားထဲကနေ ထွက်ကာ ထိုကောင်လေးကို
ဘေးကို လျှောက်သွားလိုက်သည်။

" Park Jiminလား "

" ဗျာ "

အနားကပ်ကာ ခေါ်လိုက်တော့ သူ့ဘက်ကို
မျက်နှာ လှည့်လာတဲ့ ကောင်လေး။

ဦးထုပ်အ‌ေမွှးပွကြီး စောင်းထားတဲ့အပြင်
အနွေးထည် အထူကြီးပါ ၀တ်ထားတော့
မျက်နှာသေးသေးလေး မြုပ်နေသည်။


(ဒီလိုလေး)

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

(ဒီလိုလေး)

ငိုထားတာရယ်ကြောင့်လား အေး၍လားမသိ
ပါးဖောင်းဖောင်း လေးနဲ့ နှာထိပ်ကလေးတွေက
နီရဲကာနေသည်။

𝖫𝗈𝗏𝖾 𝗒𝗈𝗎 𝗂𝗇 𝖣𝖾𝖼𝖾𝗆𝖻𝖾𝗋 || 𝖳𝖺𝖾𝗄𝗈𝗈𝗄 ||Where stories live. Discover now