ချစ်သူလိုမျိုး ချစ်ရတဲ့အချစ်က ကျွန်မအတွက် ထူးဆန်းတဲ့ အရာလိုပဲ။ ပြီးတော့ ကျွန်မက အတွေးများတဲ့သူဆိုပေမဲ့ စိတ်ကူးေတာ့ မယဉ်တတ်ဘူး။ ဒါပေမဲ့ ကျွန်မ ရှင့်ကို ချစ်တာတော့ ကျိန်းသေပါတယ်လေ.... လီရာကောရက်စ် ဆုံးရှုံးမှုဆိုတာ ကျွန်မအတွက် မိတ်ဆွေ တစ်ယောက်လိုပါပဲ။ အဲ့တာကြောင့် ကျွန်မမှာ ကြောက်စိတ်ကင်းခဲ့တာ။ ဒါပေမဲ့ ကျွန်မ ချစ်တဲ့ လီလီ ကိုတော့ ဆုံးရှုံးရမှာ ကြောက်တယ်။ သူ့ကို ဆုံးရှုံးရမယ့်အစား အရင်ဆုံးရှုံးရမယ့် သူက ကျွန်မပဲ ဖြစ်ချင်တယ်.... အယ်ရာလော့ခ် ကျွန်မဆီ ကမ်းလာတဲ့ သူ့ရဲ့နွေးထွေးတဲ့ လက်တစ်စုံနဲ့တင် ကျွန်မ ဘဝက ပြည့်စုံတယ်။ သူက ကျွန်မရဲ့ အလင်းရောင်လေးပါ။ အဲ့အလင်းရောင်လေးကို ကျွန်မအသက်ထက် ပိုတန်ဖိုးထားတယ်.... အန်နာဂျုံးစ် Story Type - ( GL, Supernatural, Magic, Romance )