ပူးပေါင်းစာစဉ် ဖြစ်ပါတယ်။ [ဒီဇာတ်လမ်းကို ပထမဆုံး စမဖတ်ခင်မှာ အရင်ဆုံး ရှင်းပြထားချင်တာလေး တစ်ခု ရှိပါတယ်။ Plug in (ပလက်အင်လို့ ဇာတ်လမ်းထဲမှာ ဆက်တိုက် သုံးသွားပါမယ်နော် အစဦးပိုင်းမှာ အတော်လေး ပါပါတယ်) ပလက်အင် ဆိုတာ က လျှပ်စစ်ပစ္စည်းနဲ့ ဆက်နွယ်နေတဲ့ တိုးချဲ့ထားတဲ့ အရာတစ်ခုလို့ အကြမ်းဖျင်း သတ်မှတ်ထားလို့ ရပါတယ်။ ဥပမာအားဖြင့် ပလက်ထိုးလိုက်တယ် ဆိုရင် ရေနွေးအိုး တည်လို့ ရသလိုမျိုး၊ လုပ်ဆောင်ချက် တစ်ခုခု လုပ်လိုက်လို့ ရတာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ နောက်တစ်မျိုးက ကျတော့ Website တို့ ဆော့ဝဲလ်တို့ ဂိမ်းတို့ Browser.. etc စသဖြင့် တစ်ခုခုမှာ လုပ်ငန်းဆောင်တာ တစ်ခုခု တိုးချဲ့ချင်တဲ့အခါ ကျရင် လိုအပ်တဲ့ ပရိုဂရမ်အသေးစားလေးတွေကို လည်း ခေါ်တာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ သာသာ ရှင်းပြထားတဲ့ နှစ်ချက်ထဲက အောက်က တစ်ခုကို ပြောချင်တာပါ။