EP 15🖤Uni

5.1K 368 10
                                    


"အိပ်ပျော်နေပြီလား မာန်.."

ခေါက်ဆွဲပြုတ်စားပြီးရင်ခွင်ထဲလာအိပ်နေတဲ့
ဆူးကမာန့်ကိုမေးတယ်။ နီးကပ်လွန်းတဲ့အနေ
အထားကြောင့်နွေရိပ်မာန် အသက်တောင်သိပ်
မရှူ ရဲ။ ဒါက ဘယ်လိုခံစားချက်ကြီးလဲ။

"အိပ်မရလို့မအိပ်သေးဘူး.."

"ဟီးဟီး"

မာန့်ရဲ့ စကားကိုကြားတဲ့ သူမက ရင်ခွင် ထဲ
ကနေရယ်နေပြန်သည်။ မေးဖြားကိုသူမနှုတ်
ခမ်းသားအိအိနဲ့ခပ်ဖွဖွ နမ်းပြီး ရင်ဘတ်ပေါ်
ခေါင်းတင်ပြီးပြန်အိပ်တယ်..နေပါဦးဘာလို့
မိန်းကလေးအချင်းချင်းဖက်အိပ်တာကနေရ
ခက်နေရတာလဲ။

"မာန့် ရင်ခုန်သံတွေအရမ်းမြန်နေတယ်.."

သူမပြောမှ သေချာအာရုံစိုက်နားထောင်
ကြည့်တော့ဟုတ်ပါရဲ့ရင်တွေအရမ်းခုန်နေ
တာအပြင်ကနေအတိုင်းသားကြားနေရတယ်
သူမ ပြောတာမှန်နေပေမယ့်ခပ်တည်တည်
နှင့် မာန်ငြင်းလိုက်သည်။

"မဟုတ်ပါဘူး..ဘာရင်မှမခုန်ဘူး..အိပ်ချင်
နေပြီအိပ်တော့မယ်..စကား လာမများနဲ့"

ပြောပြီးတာနဲ့ မာန် မျက်လုံး ကို ဇွတ်မှိတ်ချ
လိုက်သည်။မျက်နာ နားသို့ တဖြေးဖြေးတိုး
ကပ်လာတဲ့အသက်ရှူနေတဲ့လေနွေးငွေ့ငွေ့
ကိုအထိအတွေ့အရသိသည်။ နဖူးပေါ်သို့
နူးနူးညံ့ညံ့ကျရောက်လာတဲ့နှုတ်ခမ်းတစ်စုံ
ပြီးတော့ နားရွက်နားကပ်ပြီးတိုးတိုးလေး
ပြောသွားတဲ့စကား

"ချစ်တယ် မာန်.."

-🌅-

မာန်ညကတော်တော်နှင့်အိပ်မပျော်တာဆူး
သိတာကြောင့် ဆူး သူမကို မနိုးတော့ဘဲ
မနက်စာ ပြင်ပေးကာ အိမ်ထဲမှထွက်ခဲ့
သည်။ အိမ်သို့ရောက်တော့ ဧည့်ခန်း မှာ
ထိုင်နေတဲ့ သူမ အဖေ ဦးကျော်ဇော နှင့်
တန်းတိုးသည်။

"Daddy.."

ဧည့်ခန်း ထဲဝင်လာပြီးဆူးက သူမအဖေနဲ့
မျက်နာချင်းဆိုင်မှာ ထိုင်လိုက်တယ်။
ဦးကျော်ဇော က သတင်းစာဖတ်နေရင်း
ဆူးကို

"ပြန်လာပြီလားသမီး.."

"ဟုတ် Daddy.."

"Daddy သမီး ကိုပြောစရာ ရှိတယ်"

My psycho girlfriend 🖤(completed)Where stories live. Discover now