EP 27🖤Uni

3.8K 329 17
                                    

ဆူး တစ်ယောက် မာန် နှင့်အတူ ညစာ စား
ရန် စားပွဲဝိုင်းမှာစောင့်နေသည်မှာ နာရီဝက်
လောက်ရှိလေပြီ။ နွေရိပ်မာန် ယခုထိ ထမင်း
စားခန်းထဲသို့ဝင်မလာသေး။ ဘာကြောင့်စိတ်
ဆိုးနေမှန်းမသိပေမယ့် လွယ်လွယ်နဲ့ရခဲ့ရတဲ့
ချစ်သူမဟုတ်သလို သူမ တန်ဖိုးထားတဲ့
အမျိုးသမီး ဖြစ်လို့ ဆူး စိတ်လိုက်မာန်ပါ
ဘာမှမလုပ်ရဲ။ မာန် ဆူးအပေါ်ကိုစိတ်ကွက်
သွားမည်ကို ကြောက်တာကြောင့်ဖြစ်သည်။

ခြံထဲက ကားထွက်သွားတဲ့အသံကြားလိုက်
ရသည်မို့လို့ ဆူး အပြေးအလွှားထမင်းစားခန်း
မှထွက်ကာခြံထဲပြေးကြည့်တော့ မာန် ကားနဲ့
အပြင်သို့ထွက်သွားသည်ကို တွေ့လိုက်ရသည်။

"မာန်!!!"

ဆူး ကားနောက်က ပြေးလိုက်ရင်းအော်ခေါ်ပါ
သော်လည်း မာန်ဟာ သူမ carကိုပို၍မြန်မြန်
မောင်း၍ထွက်သွားခဲ့ပါသည်။

"အ့!"

ဆူး မာန့်ရဲ့ကားနောက်ကပြေးလိုက်ရင်း
ခြေထောက်ခေါက်ကာ​ချှော်လဲသွားသည်။
ဆူးချှော်လဲသွားသည်ကို ကားနောက်ကြည့်မှန်
ကနေ မာန်မြင်ပါသော်လည်းကားကိုမရပ်ခဲ့ပါ။
အရှိန်အဟုန်ပြင်းစွာနှင့်ကားကိုပိုမောင်းခဲ့ပြီး
နောက်တွင် ဆူး မည်သို့ကျန်ခဲ့မည်နည်းသူမ
မတွေးတော့။ ဆူး မြေပြင်ပေါ်လဲနေရာမှ
ကုန်းရုံးထ ပြီး ခြံ ထဲမှာ ရပ်ထားတဲ့ ကား
တစ်စီးကိုယူကာခြံအပြင်ဘက်သို့ ကားကို
ဒုံးစိုင်းမောင်းထွက်ခဲ့ပါသည်။
အဝေးကနေ ခက်ရေးရေးသာမြင်ရပါသော
မာန့်ရဲ့ ကားနောက်သို့ သူမ အမှီလိုက်မောင်း
လေသည်။

-တီ!!- တီ!!-

ဆူးမည်သို့ပင်ကားဟွန်းတီးပါစေ မာန်ဟာကားကို
အရှိန်လုံးဝလျော့ပေးမည့်ပုံမပေါ်။ ဆူး ကားကို
အရှိန်ပိုတင်ပစ်လိုက်ပြီး မာန့်ရဲ့ ကားရှေ့သို့
ကျော်ကာ လမ်းပိတ်ရပ်ပစ်လိုက်သည်။ သို့သော်
မာန်က ကားကိုအရှိန်မလျော့ပေးသေး။
ဆူး ရဲ့ ကားနဲ့ မာန် ၏ ကားတို့ ဟာ တိုက်ရန်
အကွာအဝေး သိပ်မလိုတော့ ။ သူမ ကားရှေ့
ပိတ်ရပ်လိုက်သည်ကိုတောင် ကားကိုအရှိန်လျော့
မပေးတဲ့ မာန်ကြောင့် ဆူး ရဲ့ မျက်ဝန်းအစုံဟာ
မာန့် ကားကို ကြည့်ရင်း အံ့သြခြင်းဘက်သို့
ကူးပြောင်းလာသည်။ မာန့်ရဲ့ ကား ဆူး ဆီသို့
ဆိုက်ဆိုက် မြိုက် မြိုက် ရောက်လာချိန်မှာ
ဆူး က သူမ ရဲ့မျက်လုံးတွေကိုမှိတ်ချလိုက်တယ်။ တိုက်ချင်ရင် တိုက်ပါစေ ပေါ့။

My psycho girlfriend 🖤(completed)Where stories live. Discover now