EP 10🖤Zawgyi

2.7K 137 10
                                    

ယနေ့ မာန် ဆေးရုံဆင်းသည့်ရက်ဖြစ်သည်။
မာန့်ကို အိမ်မှာအတူလိုက်နေဖို့ခေါ်ပေမယ့်
မာန်က ငြင်းနေတာကြောင့် သူမ အိမ်ကိုသာ
ဆူးပြန်လိုက်ပို့ခဲ့သည်။

ဘုန်းမြတ်ဇော် ဆုံးပြီး ရက်နည်းနည်းကြာ
တော့အရာအားလုံးကပုံမှန်ပြန်လည်ပတ်လာ
သည်။ နွေရိပ်မာန် လည်း ပုံမှန် ဆူး ကိုစာ
ပြပေးပြီ ဖြစ်သလို ဆူး လည်း ဂျစ်ကန်ကန်
အကျင့်ကိုပြင်လာသည်။

"ဒို့ရှင်းပြတာနားလည်လားဆူး"

စာ ရှင်း ပြ နေ သည်ကို
စာအုပ်ကိုမကြည့်ဘဲသူမမျက်နာကိုသာကြည့်
နေတဲ့ ဆူး ကိုနွေရိပ်မာန် မေးလိုက်သည်။ထို
အခါမှ သူမက လည်ပင်းကိုကုတ်ကာ

"အာ..ဟုတ် နားလည်ပါတယ်"

"တကယ် နားလည်တာလား"

နွေရိပ်မာန် သူမကို ကြည့်ရင်းမေးလိုက်သည်။
ထိုအခါသူမက သူမရဲ့ သွားစွယ်လေးတွေပေါ်
သည်အထိပြုံးရယ်ပြရင်း

"ဒါပေါ့ မယုံရင် ချ တွက် ပြရမလား"

" ဟုတ်ပါပြီ ချတွက်ပြပါဦး"

မာန့်စကားကိုကြားတော့သူမက ခုနကမာန်
ရှင်းပြပေးတဲ့ ပုဒ်စာကိုတွက် ပြသည်။ စာ
ရှင်းနေတဲ့ တစ်လျောက်လုံး ဆူး က နွေရိပ်မာန်
ရဲ့မျက်နာကိုကြည့်နေပေမယ့် အခုတွက်ပြတော့
လည်းအကုန်မှန်နေပြန်သည်။ခနလေးကြည့်ရုံ
နဲ့အကုန်ရတဲ့ သူ့ ဥာဏ်ကောင်းမှုကိုတော့
နွေရိပ်မာန် အတော်လေး သဘောကျနေလေ
သည်။

ဘာလိုလိုနှင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေ
ရမယ့်အချိန်သို့ရောက်လာလေပြီ စားမေးပွဲ အစိန်
ကြီးမို့လို့ နွေရိပ်မာန် လည်း ဆူး တို့ အိမ်မှာနေ
ကာဆူးကိုအနီးကပ်မောင်းနေသည်။ ဆူးက
ဥာဏ်ကောင်းပြီးသားကလေးမို့လို့အဓိကအရေး
ပါတဲ့အချက်တွေကိုသာပြန်နွေးပေးနေရသည်။
ဆူး ကိုစာသင်ပြီးလို့ခနနားနေတုန်း နွေရိပ်မာန်
ရဲ့အခန်းတံခါးကို ခေါက်ကာ အိမ်စေ တစ်ယောက်
က..

"ဆရာမလေး..ဆရာမလေး ကို သူဌေးက တွေ့
ဖို့ ဧည့်ခန်း ခေါ်ခိုင်းလိုက်လို့ပါ"

မာန်လည်း ထို အိမ်အကူမလေးအသံကြောင့်
အခန်းထဲကထွက်ကာ ဧည့်ခန်းဆီကိုသွား
လိုက်သည်။ ဧည့်ခန်း ကိုရောက်တော့ဆူးရဲ့
အဖေဟာ အရင်ရောက်နှစ်နေပြီး ခုံမှာထိုင်နေ
သည်။ နွေရိပ်မာန် ဝင်လာတာတွေ့တော့ပြုံး
ကာသူ့ရှေ့ကခုံမှာ ထိုင်ဖို့လက်ပြသည်။
နွေရိပ်မာန် ထိုင်လိုက် တော့ ဦးကျော်ဇော က

My psycho girlfriend 🖤(completed)Where stories live. Discover now