Chapter 15 :အကိုကြီး

9.5K 1.6K 52
                                    

ဟင်းပွဲတွေက မြန်မြန်ပဲ ရောက်လာတယ်။
အခုက နွေရာသီအပူဆုံး အချိန်မို့ ကျောက်ပုစွန်တွေက အဖွံ့ဖြိုးဆုံးအချိန် မဟုတ်ပေမယ့် စားလို့တော့ရတဲ့အရွယ်ပဲ။
ပွက်ပွက်ဆူနေတဲ့ ဟင်းရည်နဲ့ ပုစွန်တွေကို လာချပြီး ဘေးက အရံဟင်းအနည်းငယ်ရော။
စားပွဲထိုးလေးက ဂျင်းလက်ဖက်ရည်ကို သူတို့သုံးယောက်အတွက် ငှဲ့ပေးတယ်။

အခွံခွာတဲ့ အကောင်းစား ညှပ်ကိရိယာ,ကပ်ကြေးနဲ့ ငွေရောင်ချိတ်လေးတွေ အစုံလိုက် သူတို့ရှေ့မှာချထားတယ်။

"စားကြရအောင်, စားရင်းပြောလို့ရတာပဲ"
ကျုံးအိမ်တော်ရဲ့သားအကြီးက သူ့ရဲ့လက်ကိုအနည်းငယ်မြှောက်ပြပြီး ချူးချင်ကိုစားဖို့ အမူအရာပြတယ်။

ဒီလို မိသားစုနဲ့ တွေ့ဆုံစားပွဲတွေမှာ image ကောင်းကောင်း ချန်ထားဖို့အတွက်ဆို အခွံခွာရတဲ့ အစားစာတွေကို တတ်နိုင်သလောက် နည်းနည်းပဲစားတာအကောင်းဆုံးပဲ၊
မဟုတ်ရင် သူ့ရဲ့ရှေ့မှာ အခွံတွေ အရိုးတွေနဲ့အပုံလိုက်ဖြစ်နေပြီး အရမ်းလောဘကြီးတယ်လို့ ထင်သွားမှာ။
ဒါပေမယ့် ချုးချင်ကတော့ ဒါတွေဂရုစိုက်မနေပါဘူး။
သူကျောက်ပုစွန်တစ်ကောင်ကို ကောက်ကိုင်လိုက်ပြီး စပြီးအခွံခွာတော့တယ်။

ကျုံးယိပင်းကလည်း တစ်ခုယူလိုက်တယ်။
သူခနလောက်စဥ်းစားနေသေးတယ်၊
ပြီးမှ ခြေထောက်ကနေ ဖြုတ်လိုက်ပြီး အချဥ်နဲ့ တို့စားတော့တယ်။
ဖြုတ်လိုက်တဲ့ခြေထောက်နေရာက အသားတွေပေါ်လာပေမယ့် တခြားနေရာကတော့ အခွံတွေနဲ့ ဒါကြောင့် သူပါးစပ်ကိုဟ အခွံကိုကိုက်ချပြီး ဆက်စားတော့တယ်။

ကျုံးကျာပင်းက သူ့ညီရဲ့ အမူအရာကို ကြည့်ပြီး မျက်မှောင်အနည်းငယ်ကြုတ်တယ် ။
ဒါပေမယ့် သူဘာမှမပြောပဲ ခေါင်းကိုငုံ့ပြီး အခွံဆက်ခွာနေလိုက်တယ်။
"ကိုယ်ကြားတာ မင်းလည်းပြန်ပေးဆွဲခံရတုန်းက ဒဏ်ရာရလို့ အရင်ပတ်က programမှာမလာနိုင်ဘူးဆို"

"ဟုတ်တယ်,ကျွန်တော်ပြင်ပဒဏ်ရာနည်းနည်းသွားတာ"
ချူးချင်က အခွံခွာရင်း သူ့ကိုပြန်ဖြေတယ်။
"မစ္စတာကျုံးလည်း ကျွန်တော့် programကို ကြည့်တယ်လား?"

I Have An Amnesia Don't Be Noisy (ဘာသာပြန်) [Completed]Where stories live. Discover now