Chapter 36: make friends

7.4K 1.3K 104
                                    

ကျုံးမိသားစုအကိုကြီးလဲ ဘာမှမတတ်နိုင်ပဲ ဖုန်းချလိုက်ရပြီး ထောင့်မှာထိုင်နေတဲ့ သူ့အဖေကို လှမ်းကြည့်လိုက်တယ်

"ပြန်မလာဘူးလား?"
ကျုံးပါးပါး အနည်းငယ် မျက်မှောင်ကျုံ့လိုက်တယ်
ဘေးက ရွှေရောင်ဆံပင်နဲ့ နိုင်ငံခြားသားလေးကတော့ သူတို့စကားဘာမှနားမလည်ဘူး
တချိန်လုံး ပြုံးပဲပြုံးပြနေနိုင်တယ်

"မစ္စတာဒေ့ဗ်,လက်ဖက်ရည်သောက်ပါဦး''
ကျုံးမားမားက Englishစကားနဲ့ ပြောပြီး နိုင်ငံခြားသားအတွက် လက်ဖက်ရည်‌တစ်ခွက် ငှဲ့ပေးရင်း ပြုံးပြတယ်

သူ့နာမည်က ဒေ့ဗ် ကျုံးပါးပါး USကနေခေါ်လာတဲ့ စိတ်ပညာရှင်တစ်ယောက်
သူက စိတ်ဝေဒနာနဲ့ဆိုင်တဲ့ အတိတ်မေ့ရောဂါတွေကို ကုသတာမှာ အရမ်းအတွေ့အကြုံရှိတယ်
ကျုံးပါးပါး ဘာလို့နိုင်ငံခြားမှာ ကြာနေရတာလဲဆိုတာကတော့ ဒီဆရာ၀န်ကို သူနဲ့အပါခေါ်လာနိုင်အောင် ဖျောင်းဖျနေရလို့ပဲ

"အိုး,ကျေးဇူးပါ မဒမ်"
ကျုံးမားမားကို အပြုံးလေးနဲ့ ကျေးဇူးစကားပြောလိုက်တယ်
"Wow, china tea ရဲ့ အရသာက တကယ်ကို အံ့မခန်းပဲ"

"သူက ခေါင်းကို အရိုက်ခံရတာကြောင့် အတိတ်မေ့သွားတာ,စိတ်ပညာရှင်တစ်ယောက်က ကုနိုင်ပါ့မလား?"
ကျုံးယိပင်း ဆေးရုံတင်ထားရတုန်းက ကျုံးမားမားက ရှာတွေ့သမျှ ဆရာ၀န်တွေအကုန် ဆွဲခေါ်ပြီး ကြည့်ခိုင်းတယ် ဒါပေမယ့် စိတ်ပညာရှင်တစ်ယောက်ကိုတော့ မတွေးခဲ့ဖူးဘူး
ဘယ်လိုပဲဖြစ်ဖြစ် ဆေးစစ်ချက်အရပြောတာကတော့ ပြင်ပကအားနဲ့အရိုက်ခံရလို့ အတိတ်မေ့သွားတာတဲ့

"ဒါက ဒီလိုပါ, လူတွေမှာ သိစိတ်ရဲ့ဘေးမှာ မသိစိတ်အလွှာလေးရှိတယ်,မသိစိတ်ကလဲ မှတ်ဉာဏ်တွေ သိမ်းပေးထားနိုင်တယ်,အဲ့တော့ အဲ့ဒီထဲက မှတ်ဉာဏ်ကို ပြန်ပြီးနှိုးဆွပေးတာကလဲ ပြန်ကောင်းလာနိုင်တဲ့ ကုသမှုပဲ"
ဒေ့ဗ်က ညင်ညင်သာသာရှင်းပြတယ်

ကျုံးမားမားက တစ်ချို့တစ်၀က် နားလည်သလို ခေါင်းငြိမ့်ထောက်ခံတယ်
သူမ ခနလောက်စဉ်းစားပြီး
"ဒါဆို မနက်ဖြန် သူအိမ်ပြန်လာတဲ့ခါကျရင် သူ့ရဲ့ homosexuality ပြဿနာကိုလည်း ကုပေးပါဦး,သူ အရင်တုန်းက မိန်းကလေး‌တွေပဲ ကြိုက်တတ်တာရယ်"

I Have An Amnesia Don't Be Noisy (ဘာသာပြန်) [Completed]Where stories live. Discover now