Chapter 32: Evidence

7.6K 1.3K 35
                                    

ချူးချင်လည်း နားမလည်နိုင်ဖြစ်နေတယ်
ဒီအမှုက ကျုံးအကိုကြီးရဲ့ အကူအညီကြောင့်သာ ဒီလိုအခြေအနေထိရောက်လာတာ
ရှန်းရှီနဲ့ ဒီရဲစခန်းရဲ့ သဘောအတိုင်းသာဆိုရင် ဒါက ရိုးရိုး ငွေညှစ်မှုလောက်နဲ့ပဲ ပြီးသွားတော့မှာ
ဒါပေမယ့် ကျုံးကျာပင်းကတော့ ဒီကိစ္စလေးအတွက်နဲ့ လူတွေကြားမှာ ပေါ်မလာသင့်ဘူး

"စိုးရိမ်စရာမလိုဘူး"
ကျုံးကျာပင်းက သူတို့နှစ်ယောက်ကို ကြည့်လိုက်တယ်
သူတို့ရဲ့အတွေးတွေကို သိနေပေမယ့် ရှင်းပြဖို့တော့အစီစဉ်မရှိဘူး
အဲ့တော့ သူကပဲ အဆောက်အဦးထဲကို အရင်ဦးဆောင်ပြီး ၀င်သွားတော့တယ်

ချူးချင်က ကျုံးယိပင်းနဲ့ မျက်လုံးချင်း ဆက်သွယ်လိုက်ပြီး ကျုံးအကိုကြီးနောက်ကို လိုက်သွားတော့တယ်
အဝေးကကြည့်ရင် သူတို့က ကျောင်းသားဆိုးတွေရဲ့ အနိုင်ကျင့်ခံရတဲ့ ကလေးလေးတွေကျလို့, ခုတော့ မိဘ‌ေခါ်ပြီး နောက်က လိုက်လာတာပေါ့လေ

"မင်းက နစ်နာသူလား?မင်းရဲ့ IDပြ"
အရှေ့ကောင်တာက ၀န်ထမ်းက ချူးချင်ကို ပြောတယ်
သူရဲ့ ၀င်ရောက်ခွင့်ကို စစ်ဆေးပြီးမှာတော့ ၀န်ထမ်းက ဘာမှမရှင်းပြပဲ 'စောင့်ဦး'တစ်လုံးပဲပြောပြီး ထွက်သွားတယ်

"သူ၀င်သွားတဲ့ချိန်ကျရင် ကျနော်အဖော်လိုက်ပေးမလို့ပါ"
ကျုံးယိပင်းက သူ့ရဲ့ ID ကို ထုတ်ပေးရင်း ၀င်ခွင့်အထောက်အထားကို ပြည့်စုံအောင် ပြောတယ်

"အဲ့လိုလုပ်လို့မရဘူး,သူ့ကိုပဲ ခွင့်ပြုဖို့ အမိန့်ထုတ်ထားတာ,တခြားသူ ၀င်လို့မရဘူး"
ကောင်တာက ၀န်ထမ်းက မျက်နှာသေနဲ့ပြောတယ်

ချူးချင် ကျုံးယိပင်းကို တစ်ချက်လှမ်းကြည့်တယ်
သူကလည်း နစ်နာသူဖြစ်လို့ အကြောင်းကြားခံရတယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား?
သူ‌တို့ အဲ့ဒါကို အငြင်းအခုန်လုပ်နေတုန်းမှာပဲ uniform၀တ်ထားတဲ့ အရာရှိ၀န်ထမ်းတစ်ယောက်က ထွက်လာပြီး ၀င်ခွင့်အထောက်အထားကိုကြည့်ကာ
"နောက်က လိုက်ခဲ့ပါ"

ချူးချင် နဲနဲ စိုးရိမ်သွားတယ်
"သံသယရှိသူကို အရင်သွားကြည့်မှာလား?"

I Have An Amnesia Don't Be Noisy (ဘာသာပြန်) [Completed]Where stories live. Discover now