"ကိုကို ဒီနေ့ဆိုင်မသွားဘူးလား..."
"အင်း ခေါင်းနည်းနည်းကိုက်နေလို့..."
"ဟင် ဟုတ်လား..."
အဂ္ဂခေါင်းကိုက်နေတယ်လို့ပြောလိုက်တာနဲ့ Leoက အဂ္ဂရဲ့အနားကိုလျှောက်လာပြီး နဖူးကိုစမ်းနေလေသည်..။
"ကိုယ်တော့သိပ်မပူပါဘူး...
ခေါင်းပဲကိုက်တာလား...""အင်း..."
"အဲ့တာဆို ကျွန်တော်ဒေါ်ကြီးကိုဆန်ပြုတ်ပြုတ်ခိုင်းလိုက်ရမလား..."
"အဲ့လောက်ကြီးလည်း မဟုတ်ပါဘူး...
ဒီတိုင်းပဲခေါင်းနည်းနည်းကိုက်ပြီး ချမ်းစိမ့်စိမ့်ဖြစ်နေလို့ပါ..."ကုတင်ပေါ်မှာလှဲရင်း အဂ္ဂကဆိုလာသည်..။
"ဆေးရောသောက်ပြီးပြီလား..."
"အင်း မနက်စာစားပြီးကတည်းကသောက်ထားတယ်..."
"ကိုကိုနေမကောင်းဘူးဆိုတော့လည်း ကျွန်တော်ကိုလေးတို့အိမ်မသွားတော့ဘူးလေ...
ကိုကို့ကိုစောင့်ပေးမယ်...""သွားချင်ရင် သွားလေ...
ကိုကိုကဆေးသောက်ထားတာမို့ ခဏမှေးလိုက်ဦးမယ်...""ရတယ် ကိုကိုဘေးနားမှာပဲနေပေးမယ်..."
ပြောပြီးတာနဲ့ Leoလည်း အဂ္ဂရဲ့ဘေးမှာဝင်လှဲလိုက်သည်..။
"ကိုကို့အနားမကပ်နဲ့ အဖျားတွေကူးမယ်..."
"ကိုကိုကဖျားမှမဖျားတာ...
ကျွန်တော်လည်း တရေးပြန်အိပ်ဦးမယ်...
ချမ်းရင်ကျွန်တော့်ကိုဖက်ထား...""အင်း..."
အဂ္ဂလည်း Leoရဲ့ကိုယ်လေးကိုဖက်ထားလိုက်ပြီး တရေးပြန်အိပ်လိုက်သည်..။
အဖြူထည်လေးအပေါ် အရောင်တွေဆိုးချင်ပေမယ့်လည်း ကိုကိုမလုပ်ရက်ဘူးLeo...
Leoရဲ့ဘေးမှာ အရိပ်တကြည့်ကြည့်နဲ့ပဲ ကိုကိုစောင့်ရှောက်ပေးသွားပါ့မယ်...~~~~~~~~~~~~~~~~~
"သား နေလ ဒီရက်တောတွင်းဒီအိမ်ကိုတောင်မလာသလိုပါပဲ...
ရောက်တာနဲ့ ဟိုဘက်အိမ်ကိုတန်းသွားတာပဲ..."နေလ စောစောပြန်ရောက်လို့အိမ်ထဲဝင်ရုံပဲရှိသေးတယ် ဒေါ်ဟန်နီနဲ့တန်းတိုးလေသည်..။