"လောင်းကစားတွေကိုမလုပ်ပါနဲ့တော့ဆိုတာကို မေမေရာ..."
"မေမေမလုပ်ပါဘူး သားရယ်...
သူငယ်ချင်းတွေကလာခေါ်တော့ မေမေလည်းလိုက်သွားမိတာ...""ဘယ်သူလာခေါ်ခေါ် မေမေလိုက်ချုင်မှဖြစ်တာပါဗျာ..."
"မင်းက မေမေ့စကားကိုမယုံမှတော့မေမေ့မှာဘာမှပြောစရာမရှိတော့ဘူး.."
ပြောပြီးတာနဲ့ ဒေါ်ဟန်နီက သူမအခန်းထဲကိုဝင်သွားလေသည်..။
ဒေါ်ဟန်နီက သူများအိမ်မှာ အခုလိုဖြစ်သွားတာကြောင့် နေလစေတနာဒေါသောနဲ့ပြောလိုက်ခြင်းဖြစ်သည်..။
"အန်တီက မလုပ်ဘဲခံလိုက်ရတာနေမှာပါ...
အဲ့တာကြောင့် အခုလိုပြန်လာလို့ရတာပေါ့...""ဟင်း.......ဘာပဲဖြစ်ဖြစ်လေ မေမေအခုလိုရဲစခန်းထိရောက်တော့ ကိုယ့်ကိုယ်ကိုမကောင်းတဲ့သားလို့ ခံစားနေရတယ်..."
"အဲ့လိုမတွေးပါနဲ့...
အန်တီလည်း နောက်တစ်ခါသွားမှာမဟုတ်တော့ပါဘူး...""အင်း..."
"မောင်နေလ..."
"သြော် ကြီးစိန်ဘာဖြစ်လို့လဲ?..."
"ကြီးစိန်တစ်ခုလောက်ပြောချင်လို့ပါ..."
"ဟုတ်..."
"အမှန်တော့ မမလေးလောင်းကစားမလုပ်တာ မောင်နေလအိမ်ကနေထွက်သွားတဲ့အချိန်ကတည်းကပါ...
နေ့လယ်ကမှ သူငယ်ချင်းတွေလာခေါ်တာနဲ့ လိုက်သွားတာပါ...""ဟုတ် ကျွန်တော်သိပါပြီ..."
ပြောပြီးတာနဲ့ နေလလည်း ဒေါ်ဟန်နီရဲ့အခန်းထဲကို ဝင်လာလိုက်သည်..။
"မေမေ.."
"မေမေ့စကားကိုမယုံတဲ့မင်းကို မေမေဘာမှပြောစရာမရှိဘူး..."
"မေမေ့စကားကိုမယုံသလိုဖြစ်သွားတာ ကျွန်တော်တောင်းပန်ပါတယ်...
ဒါပေမယ့် နောက်တစ်ခါ မေမေဒီလိုမျိုးမလုပ်ပါနဲ့တော့...""မင်းပြောစရာမလိုပါဘူး..."
"ဟင်း....
မေမေ့...""သွား ငါ့အသားကိုလာမထိနဲ့..."
"မေမေကလည်း.."