အနာအရှိန်ကြောင့် ညဘက်ရောက်တော့ စစ်ဖျားလေသည်..။ စစ်က နေမကောင်းဖြစ်တတ်တာရှားပြီး ဖြစ်ပြီဆိုလည်း ဂျီကျတတ်သည်..။ စစ်ဖျားတဲ့ရက်တွေဆို ရိုးစေမှာ အိပ်လို့မရပေ..။
အခုလည်း တရေးနိုးကြီးထငိုလာတာကြောင့် ရိုးစေမှာ ချီပြီးသိပ်နေရသည်..။ ကုတင်ပေါ်မှာပဲ ချော့သိပ်လို့ပေးလို့မရ..။ ချီပြီးလမ်းလျှောက်ကာ ပုတ်ပေးမှ အငိုတိတ်သည်..။
"အဟင့် ဟင့် ပါပါး ပါပါး ဟင့်..."
"အေးပါ သားရယ်...
ပါပါးရှိတယ်နော်...""ဟင့် နာ နာ..."
"သားခြေထောက်နာနေလား...
ဥုံဖွ ဥုံဖွ ပျောက်ပြီနော်...""ရွှတ် ဟုတ်..."
ရိုးစေလည်း အခန်းအပြင်ကိုထွက်လိုက်ပြီး ဧည့်ခန်းထဲမှာပဲလမ်းလျှောက်နေလိုက်သည်..။ စစ်ကတော့ ရှိုက်ရင်းနဲ့ပဲ ရိုးစေရဲ့ပခုံးမှာမှေးနေသည်..။
အခန်းအပြင်ကငိုသံကြားတာမို့ နေလလည်း အပြင်ကိုထွက်လာသည်..။ ဧည့်ခန်းထဲမှာ စစ်ကိုချီပြီး လမ်းလျှောက်နေတဲ့ရိုးစေကိုတွေ့တာမို့ နေလလည်း ဧည့်ခန်းဆီကိုလျှောက်လာလိုက်သည်..။
"ရိုးစေရာ စစ်ကိုငါတစ်လှည့်ချီပေးရမလား...
မင်းမအိပ်ရသေးဘူးမလား သွားအိပ်လိုက်လေ..""မလိုဘူး...
ငါ့သားကို ငါပဲချီသိပ်လိုက်မယ်...""ကျစ်...ဘာလို့ငါ့ကိုအကန်တွေပဲပြောနေရတာလဲ?ရိုးစေရာ.."
နေလမေးလိုက်တော့ ရိုးစေကဘာမှပြန်မပြောဘဲ စစ်ကိုသာကျောပုတ်ပေးနေသည်..။
"မင်းမအိပ်ရသေးဘူးမလား...
စစ်ကိုငါ့ကိုပေး..မင်းသွားအိပ်တော့..."ပြောလည်းပြော နေလကရိုးစေဆီကနေ စစ်ကိုချီဖို့ပြင်နေသည်..။
"မလိုဘူးလို့ပြောနေတယ်မလား..."
"ဟင့် ဟင့်..."
ရိုးစေရဲ့အသံကမာသွားတာကြောင့် စစ်တောင်လန့်ပြီး ငိုသံထွက်လာလေသည်..။ နေလမှာလည်း ရိုးစေရဲ့အသံကြောင့် ချီဖို့ပြင်နေတဲ့လက်ကို ပြန်ရုတ်သိမ်းလိုက်ရသည်..။