"ရိုး...."
"ဘာတုန်း ဘာဖြစ်ပြန်ပြီလဲ?..."
တစ်မနက်လုံးတရိုးရိုးနဲ့ ခေါ်နေတဲ့နေလကြောင့် ရိုးစေမှာ နေလအနားပဲကပ်နေရသည်..။
"ဗိုက်ဆာတယ်..."
"ဗိုက်ဆာရင် ထမင်းသွားစားလေ..."
"မစားချင်ဘူး အဲ့ဟင်းတွေနဲ့မစားချင်ဘူး..."
"ပြော အဲ့တာဆိုဘာစားချင်လဲ?..."
"အင်း...
သရက်သီးသုပ်လေးဖြစ်ဖြစ် မရမ်းသီးသုပ်လေးဖြစ်ဖြစ် သုပ်ပေးပါလား...""ဟင်း.....
အဲ့တာဆိုလည်းထ သွားစားမယ်...""အင်း အဲ့တာကြောင့်ရိုးကိုချစ်နေရတာ..."
ရိုးစေကိုအတင်းဖက်ထားပြီး မီးဖိုဆောင်ထဲကိုလိုက်လာလေသည်..။
"ခုံမှာသွားထိုင်စောင့်နေလေ...
ငါသုပ်ပေးမယ်...""ဟင့်အင်း ထမင်းမစားရသေးတော့ထိုင်ဖို့တောင်အားမရှိဘူး...
ဒီလိုလေးဖက်ထားမယ်လေ..."အနောက်ကနေ ခါးကိုဖက်ထားပြီးပြောလာသူကြောင့် ရိုးလည်းဆက်ပြောမနေတော့ဘဲ လုပ်စရာရှိတာကိုလုပ်ပေးနေလိုက်သည်..။
"ဒီလိုကြီးနေမယ့်အစား မြေပဲထောင်းပေးထားပါလား..."
"အင်း ထောင်းပေးမယ်လေ...
အားမရှိတော့ ဖြေးဖြေးချင်းပဲထောင်းမယ်နော်...""လုပ်ချင်သလိုသာလုပ်..."
"ဟုတ်ကဲ့ပါ ဟက်..."
နေလလည်း ရိုးစေဘေးကနေခွာလိုက်ပြီး မြေပဲထောင်းနေသည်..။
"ပါပါး ဗိုက်ဆာရယ်..."
"ခုနလေးတင် သားစားပြီးပြီမဟုတ်ဘူးလား.."
"ခုစားသေးရယ်..."
"အဟက် ဟုတ်ပါပြီ...
ခုံမှာထိုင်စောင့်နေနော် ပါပါးသရက်သီးသုပ်နေတယ် ပြီးရင်အတူစားမယ်နော်..""ဟုတ်..."
သရက်သီးသုပ် သုပ်ပြီးတာနဲ့ ရိုးစေလည်း စစ်ကိုပေါင်ပေါ်တင်ပြီး နေလနဲ့အတူထမင်းစာစလိုက်သည်..။
"ကောင်းလိုက်တာ ခံတွင်းတွေ့သွားပြီ.."
"သားလည်းစားလို့ကောင်းရယ်..."