Chapter~(20)

1.5K 66 2
                                    


[Unicode]
အချစ်ကလဲ့စား

At Xiao Home
"မား သားတို့နေ့လည်စာစားဖို့ပြန်လာပြီ "
[ပြောရင်းနဲ့Sofaပေါ်မှာသတင်းစာထိုင်ဖတ်နေသောရှောင်မားကိုပြေးဖက်ဖို့ချွဲနေတဲ့၊ကလေးလေး]

"အမယ်လေးရောက်လာတဲ့နဲ့​တန်းချွဲတော့တာဘဲ လာသွားမယ်ထမင်းစားမှာမလား လူစိလဲလာလေ"

"ဟုတ်မား"

{ဘာလို့မားလို့ခေါ်လဲဆိုတာကိုတော့သိမယ်ထင်တယ်😁 သူကငယ်ငယ်ထဲကရှောင်မားလက်ထဲကြီးပြင်းလာတာလေကြီးလာတော့လဲသမီးရင်းတျောက်လိုဆက်ဆံခဲ့တယ် ကျန့်ကောရဲ့Companyမှာအတွင်းရေးမှူးလုပ်ယုံသာမကကိုယ်ခံပညာကိုကျွမ်းကျွမ်းကျင်ကျင်တက်ထားတဲ့အတွက်ကျန့်ကောကိုလဲစောင့်ရှောက်ပေးရသည်
အဆင့်မြင့်လေ့ကျင့်ပေးထားတဲ့ကွန်မန်ဒါလေးပါ}

'ထမင်းစားခန်းမှာ နေ့လည်စာစားနေရင်း ရုတ်တရက်အိမ်ပေါ်သို့ခြေဆောင့်ဆောင့်နဲ့တက်သွားတဲ့ရိပေါ်ကြောင့်လူစီမှာ စားလက်စကိုင်ထားတဲ့တူပါပြုတ်ကျသွားသည်။ မသိရင်ဘဲတလောကလုံးကသူ့လုပ်စားထိုင်နေသလိုပင် ချေမိုးနေတာဘဲ'

"Boss  boss ဟိုသခင်လေးပြန်လာတယ်"

"အဲ့တော့ ဘာလုပ်ရမှာလဲစားစရာရှိဆက်စား
ဖြစ်လာတဲ့ရုပ်ကိုမတွေ့ဘူးလား သေမလိုဖြစ်နေတာဂရုစိုက်မနေနဲ့ "

"ဟုတ် "

"ရှောင်မားကတော့ဘာမှမပြောဧည့်ခန်းမှာဘဲထိုင်နေပြီးဖတ်လက်စNewspaperသာဆက်ဖတ်နေတယ်လေ"

'ထမင်းစားပြီးတော့ရှောင်းကျန့် Companyသို့ပြန်သွားရန် ကားပေါ်တက်နေစဥ်  ဆွဲခံလိုက်ရတဲ့လက်တစုံကြောင့်ခြေလှမ်းတို့ရပ်တန့်ကုန်သည်။'

"ခနနေအုံး ပြောစရာရှိတယ်"

'ရှောင်းကျန့်ဘာမှပင်ဆက်မပြောနိုင်တော့ အတင်းဆွဲခေါ်တဲ့နောက်သာ ပါသွားရသည် လက်ကောက်ဝတ်ကတင်းတင်းကျပ်ကျပ်ဆွဲထားတာကြောင့်လဲနာနေသည်။'

'အတင်းဆွဲခေါ်လာပြီး အနောက်ဘက်က ပန်းခြံနားမှာပြန်လွှတ်ပေးလိုက်သည်။´

"ဘာပြောမလို့လဲ လူကိုဘာလို့အတင်းဆွဲနေရတာလဲဝမ်လေး"

"တော် ခင်ဗျားကျုပ်ကိုအဲ့နာမည်ယောင်လို့တောင်မခေါ်နဲ့"

အချစ်ကလဲ့စား  {Uni~Zaw}[Completed]Where stories live. Discover now