Chapter~(36)final{Unicode}

2.4K 68 3
                                    

[Unicode]
အချစ်ကလဲ့စား

"အင်း ဟင်းဟင်း"
ဟောက်ရွှမ်း,ရှောင်းကျန့်အားပေးလိုက်တဲ့မေ့ဆေးက1နာရီထဲသာမေ့စေတာမို့1နာရီပြည့်တာနဲ့ရှောင်းကျန့်နိုးလာခဲ့တယ်။
သူရောက်နေတဲ့နေရာကိုမျက်လုံးဖွင့်ကြည့်လိုက်တော့ အလင်းရောင်နည်းနည်းလေးသာရှိတဲ့အခန်းသူရောက်နေတာကုတင်တစ်ခုပေါ်မှာ။အခန်းတစ်ခုလုံးကိုမမြင်ရပေမဲ့အလင်းရောင်အနည်းငယ်ကြောင့်ကုတင်ပေါ်မှာဆိုတာတော့ကောင်းကောင်းမြင်ရသေးတယ်။

ချောက်!!!
မီးခလုတ်ဖွင့်သံနဲ့အတူ အခန်းတစ်ခုလုံး လင်းသွားပြီးရှောင်းကျန့်မြင်လိုက်ရတာက အခန်းတစ်ခုလုံး အနီရောင်နဲ့အစိမ်းရောင်ပူဖောင်းလေးတွေအများကြီးကိုချိတ်ဆွဲထားပြီး နံရံတွေပေါ်မှာလဲ သူ့ရဲ့ပုံလေးတွေအပြည့်ကပ်ထားတယ်။
ရှောင်းကျန့်လဲအံ့သြစွာ တစ်ခန်းလုံးကိုပတ်ကြည့်မိတယ်။အရမ်းလဲရင်ခုန်နေတယ်။
အခန်းထဲကထွက်ပြီးရိပေါ်ကိုရှာမယ်အလုပ် အခန်းတံခါးပွင့်လာပြီးသူ့ရဲ့ချစ်ရသူလေးရိပေါ်က လက်ထဲမှအနီရောင်ကတ္တီပါဘူးလေးတစ်ခုကိုကိုင်၍ဝင်လာတယ်။ပြီးတော့ ရှောင်းကျန့်ရဲ့လက်တစ်ဖက်ကိုဆွဲယူလိုက်ပြီး လက်ဖမိုးလေးကိုအနမ်းဖွဖွပေးလိုက်တော့ ရှက်ပြုံးလေးပြုံးလာတဲ့အမောင်ရှောင်းကျန့်။

"ကိုကို ကျတော်တို့ဒီနေရာမှာဒုတိယအကြိမ်လက်ထပ်ကြရအောင်နော်"

"အင်း။ ဒါနဲ့ရိပေါ်ဒီနေရာကဘယ်နေရာလဲ။"

"အဲ့လိုအဖြေမကြားချင်ဘူး ဒီလိုမျိုးပြောလေကိုကိုကလဲ မောင်ရဲ့သဘောအတိုင်းပါဘဲဗျာလို့
ဟမ် ဒီနေရာက မောင်သူငယ်ချင်းဟောက်ရွှမ်းရဲ့အပန်းဖြေစံအိမ်လေ"

"......"

"ကိုကို"
ကြည့်ရတာရှက်လို့ထင်ပါရဲ့ ခေါင်းလေးတောင်မထောင်တော့ဘူးအောက်ငုံ့သွားပြီ။ဒါပေမဲ့ ကိုယ်ကြားချင်တဲ့စကားမကြားရသေးသရွေ့တော့ အလွတ်မပေးနိုင်ပါဘူး။

"အဟမ်း..အဟွတ်။ မောင်ရဲ့သဘောအတိုင်းပါဘဲဗျာ"

"အွန်းနောက်တစ်ခေါက်လောက်'မောင်'လို့ခေါ်ကြည့်ကိုကို အရမ်းနားထောင်လ််ို့ကောင်းတယ်နားထဲကိုပျားရည်လေးတွေဝင်သွားသလိုဘဲ"

အချစ်ကလဲ့စား  {Uni~Zaw}[Completed]Where stories live. Discover now