Part 8 (Unicode)

430 31 1
                                        

ဒီအပိုင်​း​လေးက​တော့ အပျင်​း​ပြေ​လေး​ပေါ့။ တိုတို​လေးပါ။

Your pov

"ဟဲ့ သူငယ်​ချင်​း နင်​မ​နေ့က ​မေးတာ ဘယ်​လိုလဲ? ရလားဟင်​?" သူငယ်​ခ​ျင်​းက bus ​ပေါ်​ရောက်​တာနဲ့ ​မေး​တော့တာပဲ။

"ငါ နင်​့ကို ​ပြောခဲ့တဲ့အတိုင်​းပါပဲကွယ်​။"

"ဟင်​ နင်​့အ​မေက တကယ်​ ခွင်​့မပြုတာ​ပေါ့?"

"ဟုတ်​တယ်​။ နင်​​ရော?"

"ငါက​တော့ ငါ့အ​ဖေ​ရော အ​မေ​ရောက ရတယ်​တဲ့။ ဒါ​ပေမယ်​့ သူငယ်​ချင်​း ပါမှ ​ပေးသွားမှာတဲ့။ အဲ့တာ ငါက နင်​နဲ့ပဲ သွားချင်​တာ။"

"သူငယ်​ချင်​းရယ်​ နင်​သွားခ​ျင်​ရင်​ တခြားတစ်​​ယောက်​နဲ့ပဲ သွားလိုက်​​လေ။ ငါက​တော့ ရမယ်​ မထင်​ဘူး။"

"ဟာ မရပါဘူး နင်​ကလည်​း။ ငါ့ သူငယ်​ချင်​းထဲမှာဆိုလို့ နင်​တစ်​​ယောက်​ပဲ ငါ့နဲ့ အကြိုက်​​တွေ အမြင်​​တွေ တူတာ။ ငါက တခြား သူငယ်​ချင်​းနဲ့ သွားစရာလား။ ငါ နင်​့အ​မေကို နည်​းနည်​းပါးပါး ကူ​ပြော​ပေးမယ်​​လေ။"

"နင်​ ကူ​ပြောလဲ ဘာမှ မထူးဘူး။ မ​နေ့က ကတည်​းက ငါ့အ​မေက အပြတ်​​ပြောပြီးသား။"

"အဲ့တာဆိုလည်​း ​နောက်​နည်​းနည်​းကြာမှ ထပ်​​ပြောကြည်​့ုကြတာ​ပေါ့။ ဘယ်​အချိန်​ သွားသွား ရပါတယ်​။"

ကျွန်​မလည်​း ဘာမှ ပြန်​မ​ဖြေနိုင်​တဲ့အဆုံး ​ခေါင်​းပဲ ငြိမ်​့ပြီး သက်​ပြင်​းချမိတာ​ပေါ့။

"အဲ့တာဆို ငါသွားပြီ​နော်​ သူငယ်​ချင်​း။" ကျွန်​မတို့ bus ကား မှတ်​တိုင်​​ရောက်​​တော့ ဆင်​းလိုက်​ကြတယ်​။ ကျွန်​မ ​ခေါင်​းမူးသလို နည်​းနည်​း ခံစား​နေရလို့ အိမ်​မြန်​မြန်​ ပြန်​မယ်​လို့လည်​း ဆုံးဖြတ်​ထားတယ်​​လေ။

ကျွန်​မအိမ်​ကို လမ်​း​လျှောက်​​နေတုန်​း ရုတ်​တရက်​ မိုးက ရွာချ လာပါ​လေ​ရော။ ​မိုးတွင်​းလည်​းမဟုတ်​ဘဲနဲ့​လေ။ ကျွန်​မလည်​း ထီးမပါလာတာနဲ့ ဒီအတိုင်​း ​မိုး​ရေရွှဲရွှဲနဲ့ အိမ်​ကို ​ပြေးရ​တော့တာ​ပေါ့။ ​ပြေး​နေတုန်​း ကျွန်​မ ရုတ်​တရက်​ အရမ်​းချမ်​းလာပြီး ​ခေါင်​း​တွေလည်​း ကိုက်​လာတယ်​။ ကျွန်​မ ​နောက်​ဆုံးမှာ ဘာမှ မလုပ်​နိုင်​​တော့ဘဲ ကိုယ်​နဲ့ ထိ​တွေ့ခံစားလိုက်​ရတဲ့အရာက ​မြေပြင်​ဆိုတာပဲ သိလိုက်​ရ​တော့တယ်​​လေ။

A MIRACLEWhere stories live. Discover now