A/N ~
Unicode နဲ့ တောင်းဆိုကြလို့ ထည့်ပေးလိုက်ပါတယ်နော်^^ အရင် zawgyi font နဲ့ ရေးထားတာလေးကိုပဲ unicode converter နဲ့ ပြောင်းလိုက်တာမို့ font error လေးတွေ ပါနေမှာကြောင့် နားလည်ပေးပါလို့^^
Your pov~
"အိုး oppa ရယ်.... ဒီကဖြင့် ချစ်လိုက်ရတာတုန်လို့...."
"ဟဲ့အကြီးမ မထသေးဘူးလား တော်ကြာ နောက်ကျမှ အော်ပြဲမနေနဲ့ ပထမဆုံးနေ့နော်" မေမေ့အော်နှိုးသံကြောင့် ကျွန်မရဲ့ အိပ်မက်လှလှကနေ လန့်နိုးခဲ့ရတယ်လေ....
အိပ်ရာထဲမှာပဲ မျက်စိ ဖွင့်တစ်ဝက် ပိတ်တစ်ဝက်နဲ့ တစ်ကိုယ်လုံးကို အကြောဆန့်ပစ်ပြီး "ထပြီ မေမေရေ ဟင့် မေမေ့ကြောင့် သမီး Jungkook လေးနဲ့ ခွဲလိုက်ရပြီ" ပျင်းရိရိ အသံနဲ့ ဖြေလိုက်တယ်။
အကြောဆန့်ရင်း ဟိုဘက်လှိမ့် ဒီဘက်လိှမ့်နေတုန်း ခြေထောက်က တစ်ခုခုကို ကန်မိသလို ခံစားလိုက်ရတယ်။
ခုတင်ခြေရင်းကို လှမ်းကြည့်လိုက်တော့ဒေါသ နည်းနည််းထွက်သွားတာပေါ့....
"ဟဲ့ နင်ဒီမှာ ဘာကိစ္စ လာအိပ်နေရတာတုန်း အနက်စောစောစီးစီး အစ်မကို ဒုက္ခ ပေးလိုက်ရမှ ကျေနပ်တယ် ဒီကောင်မလေးတော့လေ" လှဲနေရာကနေ ထထိုင်လိုက်ပြီး ညီမကို စိတ်တိုတိုနဲ ့ အော်ပစ်လိုက်တယ်။
"သွား ကိုယ့်အခန်း ကိုယ်သွားအိပ် သူများက နောက်ကျတော့ပါမယ်ဆိုနေမှ" မှန်ပါတယ် ကျွန်မ ညီမလေးနဲ့ မတည့်။ ညီမနဲ့ ကျွန်မ ၇ နှစ်လောက်ကွာတယ်။
ကျွန်မ အော်လိုက်လို့ သူ့ခမျာ ခေါင်းအုံးလေးကိုဖက်ပြီး ဆူပုတ်ပုတ်နဲ့ အခန်းထဲကနေ ထွက်သွားတယ်။
"အဟီး ချစ်စရာလေး" ကျွန်မ စိတ်ထဲကနေ ပြောမိတယ်။ မတည့်ပေမယ့်လည်း ညီမက ညီမပါပဲ။ ချစ်စရာ ညီမဆိုလို့ ဒီတစ်ယောက်ပဲ ရှိတာ။
လုပ်စရာ ရှိတာ အမြန်လုပ်ပြီး အိမ်အောက်ထပ်ကို ပြေးဆင်းလာလိုက်တယ်။
ВЫ ЧИТАЕТЕ
A MIRACLE
ФанфикшнTrailer~~~ ဘယ်သူတွေ ဘာပြောပြော နင့်အတွက် ငါ့အချစ်ဟာ ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး Jungkook ရယ်~~~ ............................ "Miracle for JK" ဒီ ဝက်ဝံကလေးက oppa အတွက် miracle ဆိုတော့ ဒီ ဝက်ဝံလေးက Yeontae ပေါ့။ ...
