Part 9 (unicode)

471 32 0
                                        

Your pov

အ​မေ အခန်​​းထဲ ပြန်​ရောက်​လာ​တော့ ကျွန်​မ မျက်​ရည်​​တွေ မြန်မြန်​သုတ်​လိုက်​ပြီး အိပ်​ချင်​​ယောင်​​ဆောင်​လိုက်​တယ်​။

"အိပ်​သွားပြီလား? ညစာလည်​း မစားရ​သေးဘူး။ ဒီ​ကောင်​မ​လေး​တော့​လေ ခက်​ပါတယ်​။" ​မေ​မေက တတွတ်​တွတ်​ ရွတ်​ပါ​လေပြန်​​ရော။

"​မေ​မေ ခုနက မမငို​နေတယ်​။ ဘာဖြစ်​လို့လဲ မသိဘူး။" ညီမ​လေးက ​အ​မေ့ကို သွား​ပြောလိုက်​တယ်​​လေ။ သူက​တော့​လေ ဒီက မသိ​စေချင်​လို့ပါဆို​နေကို။

"ဟုတ်​လား ​အေး​အေး။"

"ဟဲ့ သမီး ထထ။ ညစာစားမယ်​​လေ။ ဗိုက်​ထဲမှာ အစာလည်​း မရှိဘဲနဲ့။" ​မေ​မေလာနှိုး​တော့မှ ကျွန်​မလည်​း ဟန်​​ဆောင်​ပြီး မျက်​လုံး​တွေပွတ်​ အ​ကြော​တွေဆန်​့ပြတာ​ပေါ့။

ကျွန်​မ စားပြီး​တော့ ​ဖေ​ဖေ​ရောက်​လာတယ်​။ "သမီး​လေး ဘယ်​လို ဖြစ်​ရတာတုန်​း။"

"အစာမရှိလို့​ပေါ့​အေ။" ​မေ​မေက ပြန်​​ဖြေ​ပေးတယ်​​လေ။

ကျွန်​မလည်​း ဘာမှ မ​ပြောချင်​လို့ ဒီအတိုင်​း ​ခေါင်​း​လေးငုံ့ပြီး ငြိမ်​​နေလိုက်​တယ်​​လေ။ တ​အောင်​့​လောက်​ကြာ​တော့ ဆရာဝန်​ ​ရောက်​လာပြီး စမ်​းစရာ စစ်​စရာ​တွေလုပ်​ပြီး ပြန်​ထွက်​သွား​တယ်​။

​"​ရှင်​ ပြန်​နားလိုက်​​လေ။ အလုပ်​က​နေ ပင်​ပန်​းထားမှာ။ ကျွန်​မပဲ ​စောင်​့​ပေးလိုက်​မယ်​။ သမီးငယ်​ကိုပါ ​ခေါ်သွားလိုက်​။" ​မေ​မေ​ပြော​တော့မှ ​ဖေ​ဖေကလည်​း ကျွန်​မကို နှုတ်​ဆက်​ပြီး အိမ်​ပြန်​သွားတယ်​။

​မေ​မေက ​ဖေ​ဖေတို့လည်​း ထွက်​သွား​ရော "သမီး ခုနက ဘာဖြစ်​လို့ ငိုတာလဲ။ ​မေ​မေ့ကို ​ပြော​လေ။"

"ဘာမှမဟုတ်​ပါဘူး။ ဒီအတိုင်​း ​ဆေးရုံမတက်​ချင်​လို့။"

"မနက်​က ကိစ္စ​ကြောင်​့မလား။" ကျွန်​မလိမ်​လည်​း ​မေ​မေက သိ​နေတာပါပဲ။

"သမီး တကယ်​ ကိုရီးယားမှာ ​ကျောင်​းတက်​ချင်​လို့လား? ပြီး​တော့ သမီးတို့က ငယ်​ငယ်​ကတည်​းက ဘယ်​သွားသွား ​မေ​မေတို့နဲ့ပဲ သွားခဲ့တာ​လေ။ အခုက သမီးတို့ သူငယ်​ချင်​း နှစ်​​ယောက်​တည်​း အဆင်​​ပြေလို့လား။"

A MIRACLEWhere stories live. Discover now