Jungkook's pov
"Jungkook ထတော့လေ ငါတို့ လုပ်စရာတွေ အများကြီး ရှိသေးတယ်။" rap mon hyung က ကျွန်တော့် ပေါင်ကို တပုတ်ပုတ် ရိုက်ပြီး နှိုးနေလို့ ကျွန်တော် မထချင်ထချင်နဲ့ ထထိုင်လိုက်တယ်။ မျက်လုံးကတော့ ပိတ်နေတုန်းပါပဲ။
"ဟေ့ကောင် မင်း ဘာလုပ်နေတာတုန်း ထလေ မြန်မြန် ၆ နာရီ ရှိနေပြီ manager hyung အော်တော့မယ်"
ကျွန်တော် rap mon hyung ကို အိပ်ချင်မူးတူးနဲ့ တချက်ငေးကြည့်လိုက်တော့ hyung က ပါးစပ်ထဲမှာ သွားတိုက်တံနဲ့။ ကျွန်တော်လည်း မျက်ချေးတချက် ပွတ်ပြီးတာနဲ့ စောင်ကို ဖယ်ပြီး အိမ်သာဆီ သွားတော့တာပဲ။
ကျွန်တော် သွားတိုက်နေရင်း မနေ့ကညက ကောင်မလေးကို သတိသွားရမိတယ်။
"Jungkook မင်း ဘာလုပ်နေတာလဲ သွားတိုက်တာရပ်ပြီးတော့" hyung အော်လိုက်မှပဲ ကျွန်တော် အတွေးထဲက ထွက်လာနိုင်ခဲ့တယ်။ ကျွန်တော်လည်း ဘာဖြစ်နေလဲ မသိတော့ပါဘူး။ အဲ့ ကောင်မလေးကို တွေးတွေးပြီး hyung တွေ ခဏခဏ ပြောတာခံနေရတယ်။
အင်္ကျီလဲပြီး ကျွန်တော်တို့ အကုန် လက်မှာ ပေါင်မုန့် တစ်လုံးကိုယ်စီနဲ့ mv ရိုက်မယ့်နေရာကို သွားဖို့ ကားပေါ်တက်ခဲ့ကြတယ်။
.......................
ပင်ပန်းလိုက်တာ။ တစ်နေကုန် ကျွန်တော်တို့ member တွေ တစ်လှည့်စီ ရိုက်ကူးနေရတာ။ တချို့အခါတွေဆို အမှားလေးတွေ နည်းနည်းပါလို့ ပြန်ရိုက်ရသေး။ တကယ်ကို ပင်ပန်းပါတယ်ဗျာ။
Jin hyung ရဲ့ လှုပ်ရှားမှု ပုံစံ မျိုးစုံကို ကြည့်ပြီး ကျွန်တော် ပြုံးနေမိတယ်။ ကြည့်နေရင်း ရုတ်တရက် တဂွီဂွီနဲ့ မြည်တဲ့ ဗိုက်ကြောင့် နာရီကို ကြည့်လိုက်တော့ ည ၇ နာရီ။ နေ့လည် ၁ နာရီလောက်က ထမင်းစားပြီးကတည်းက ဘာမှ မစားရသေးဘူး။
"ကဲ ဟုတ်ပြီ။ ခဏနားကြမယ်။ မင်းတို့လည်း ဗိုက်ဆာနေလောက်ပြီ။ စားကြရအောင်။ စားပြီး ခဏနေမှ ပြန်စကြတာပေါ့။" manager hyung ရောက်လာရော။
ကျွန်တော်တို့ 'RUN' ကို Japanese version mv ရိုက်နေကြတာပါ။
Your pov
"ဟဲ့ နင့် Jungkook မနေ့က နှစ်ခါတောင် update တယ်။ ကောင်းလိုက်တာ။ ငါ့ Jin ကတော့ ဘယ်ရောက်နေလဲကို မသိဘူး။ သူ့ update မမြင်ရတာတောင် ကြာနေပြီ။ တကယ်ပဲ ငါ ရူးချင်ပါတယ်။" ကျွန်မ သူငယ်ချင်းလေးက ကျွန်မ ဘေးမှာ ထိုင်ရင်း ညည်းနေတယ်လေ။
YOU ARE READING
A MIRACLE
FanfictionTrailer~~~ ဘယ်သူတွေ ဘာပြောပြော နင့်အတွက် ငါ့အချစ်ဟာ ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး Jungkook ရယ်~~~ ............................ "Miracle for JK" ဒီ ဝက်ဝံကလေးက oppa အတွက် miracle ဆိုတော့ ဒီ ဝက်ဝံလေးက Yeontae ပေါ့။ ...
