Part 18

6K 547 17
                                    

Zawgyi

PJ Ent ရဲ့ CEO ရုံးခန်းထဲတွင်အဆူခံနေရသော Jung Kook ။

"မင်းဒီကိစ္စကိုဘယ်လိုဖြေရှင်းမှာလဲ ?? ဒီတစ်ခေါက် Rumor ဆိုပြီးပြောလို့မရတော့ဘူးနော် မင်းတို့ Kissing ဆွဲနေတာကို Photo နဲ့တစ်ကွတင်ထားတာ Edit လို့လဲပြောလို့မရတော့ဘူး မင်းမျက်နှာကြီးကိုထင်ထင်ရှားရှားမြင်နေရတယ်"

Jung Kook ဆံပင်ကိုတစ်ချက်ဖွလိုက်တယ် ။

"ကျွန်တော်လဲမသိတော့ဘူး"

"ဖြတ်လိုက်"

"ဗျာ !!"

"အဲ့ကောင်လေးနဲ့ဖြတ်လိုက် မင်းတို့ Dorm ဘေးနားကအခန်းမှာနေတာမလား ?? ငါပြောင်းနေခိုင်းလိုက်မယ် မင်းတို့လမ်းခွဲလိုက်ကြ"

PJ CEO ရဲ့စကားကြောင့်မိုးပြိုသွားတယ်လို့သူခံစားလိုက်ရတယ် ။

"မဖြစ်နိုင်ဘူး CEO"

"ဘာလို့မဖြစ်နိုင်ရမှာလဲ ?? မင်းပါးစပ်ကလမ်းခွဲရအောင်လို့ပြောလိုက် ကျန်တာငါရှင်းမယ်"

"CEO Ssi ကျွန်တော်ကအရုပ်မဟုတ်ဘူး လူ !! ကျွန်တော့မှာကိုယ်ပိုင်ခံစားချက်ရှိတယ် !! အဲ့ခံစားချက်တွေကို CEO လိုချင်တဲ့အတိုင်းပြောင်းလဲလို့မရဘူး !! လူဆိုတာ ချစ်ချိန်တန်ရင်ချစ်မိမှာပဲ အဲ့ခံစားချက်ကိုပြောင်းလဲလို့မရဘူး"

"မင်းအရင်ထဲကလွတ်လပ်ချင်ရင် ဒီ Idol ဆိုတဲ့အလုပ်ကိုမလုပ်နဲ့လေ မင်းလွတ်လပ်ချင်ရင် ဒီအလုပ်ကိုဆက်မလုပ်ပါနဲ့ မင်းဖြစ်ချင်တဲ့ Idol အလုပ်လား ?? ဟိုကောင်လေးလား ?? မင်းမှာဒါတော့ရွေးပိုင်ခွင့်ရှိပါတယ်"

ရွေးချယ်ရမယ့်အရာ ၂ ခုလုံးဟာသူ့အတွက်အရေးကြီးသည် ။ Tae ကလဲသူချစ်ရတဲ့သူ ။ Idol အလုပ်ကလဲ သူဖြစ်ချင်ခဲ့တဲ့ အရာတစ်ခု ။

*ငါဘာကိုရွေးရမှာလဲ*

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"အခုချိန်လောက်ဆို Jeon Jung Kook တစ်ယောက်အခက်တွေ့နေလောက်ပြီ ဟားဟားး"

Kim Jung Seok တစ်ယောက် ပြောရင်းရယ်နေတယ်

"ဟုတ်တယ်ဦးလေး သူဘာကိုရွေးမလဲဆိုတာတော့စောင့်ကြည့်ရမှာပေါ့"

You Are My Every Things ||°KV°|| [ Completed ]Where stories live. Discover now