Part 12

7K 719 17
                                    

Zawgyi

BTS Dorm တွင်တော့
Ji Min ပျောက်လို့
ပြာယာခတ်နေကြသည်

"Yoongi မင်းဘယ်မှာတွေ့ခဲ့တာလဲ"

"Magic Shop Bar မှာလေ "

"Bar !!! ဟုတ်လား !!"

"ဖြေးဖြေးအော်ပါ Hyung ရယ် နား နားကိုကပ်ပြီးအော်ရလား နားကိုအူသွားတာပဲ"

"Bar ဟုတ်လား ဒီကောင်လေးတော့ ငါ့ ဒယ်ပြားစာမိတော့မယ်🙂🙂"

"မင်းတွေ့တာကိုမခေါ်ခဲ့ဘူးလား ??"

"ကျွန်တော်သွားခေါ်ရင် သူ့ Personal Case ဝင်စွက်ဖက်တယ်ဆိုပြီးပြောမှာပေါ့ ဒီလိုတော့အပြောမခံနိုင်ဘူး"

"ဒီကောင်လေးကတော့ကွာ ငါဒီလောက်အတန်တန်မှာထားတာကို Promotion ကာလအတွင်းမှာလူရှုပ်တဲ့နေရာတွေကိုသိပ်မသွားပါနဲ့လို့ပြောထားတာကို"

"ထားလိုက်ပါ Hyung ရာ ပြဿ နာတစ်ခုခုပေါ်လာရင် သူ့အဖေ Park CEO တစ်ယောက်လုံးရှိတယ် ဟုတ်ပြီလား စိတ်ပူမနေနဲ့"

"မင်းကလဲ"

"တော်ပြီသွားအိပ်တော့မယ်"

"အေး သေ သေ အလကားနေအိပ်မယ်ဆိုတာချည်းပဲ ဘာမှကူဖော်လောင်ဖက်မရဘူး"

Seok Jin ပွစိပွစိနဲ့ပြောနေတာကို
သူနားမထောင်ချင်တော့တာမို့
သူ့အခန်းထဲကိုဝင်လာခဲ့တယ်

အခန်းထဲရောက်တော့
ကုတင်ပေါ်ကိုလှဲချကာ

"လွန်ခဲ့တဲ့ ၈ နှစ် မင်းကိုစတွေ့ထဲက ကိုယ် မင်းကိုစိတ်ဝင်စားခဲ့တယ် အခုချိန်ထိလဲ မင်းကိုချစ်နေဆဲပဲ မင်းကတော့ မပြောင်းလဲတဲ့အချစ်တွေနဲ့ တစ်ခြားတစ်ယောက်ကိုချစ်နေတယ် အဲ့အချစ်တွေကို ငါသာပိုင်ဆိုင်ရရင် ငါသေပျော်ပြီ Ji Minnie"

သူအစအဆုံးတွေ့ခဲ့တယ်
Ji Min နဲ့ကောင်လေးတစ်ယောက်နဲ့
စကားပြောနေတာတွေအကုန်ကြားခဲ့တယ်

အဲ့တာတွေကိုနားထောင်ပြီး
ဝမ်နည်းလာတာကြောင့်
Ji Min ကိုမခေါ်ပဲထိုနေရာကနေထွက်လာခဲ့တာ
သူမှားပြီနဲ့တူပါရဲ့ Ji Min ကအခုထက်ထိပြန်မလာသေး

သူလှဲနေလို့မဖြစ် သူအမြန်ထပြီး
Coat မြန်မြန်ဝတ်ကာ
Magic Shop Bar သို့ထွက်လာခဲ့တယ်

You Are My Every Things ||°KV°|| [ Completed ]Where stories live. Discover now