Part 13

7K 878 25
                                    

Zawgyi

Tae Hyung ပိုက်ဆံရှင်းပြီး
နောက်အလှည့် ရုပ်ဖျက်ထားတဲ့
Jung Kook နဲ့တိုးလေသည်

တစ်ခြားသူတော့မမှတ်မိလောက်ပေမယ့်
ကျွန်တော်ကတော့လုံးဝကိုမှတ်မိတယ်
Hak !! ကျွန်တော်အမုန်းဆုံး
လူမို့လေ

Jung Kook ကိုမြင်တော့
သူမျက်နှာပေါ်ကမဲ့ပြုံးတစ်ခုပေါ်လာတယ်

Jung Kook ကတော့အရမ်း
အံ့ဩသွားတဲ့ပုံ

Tae Hyung မမြင်ချင်ယောင်
ဆောင်ပြီးထွက်သွားဖို့အပြင်

Jung Kook Tae Hyung ရဲ့
လက်ကိုလှမ်းဆွဲလိုက်ပြီး

"ကိုယ့်ကိုမရှောင်ပါနဲ့ Tae ကိုယ့်ကိုထပ်ပြီးထားမသွားနဲ့"

တိုးညှင်းစွာပြောလာတဲ့ jung Kook

"မင်းကငါ့ကိုအဲ့လိုပြောရအောင် မင်းနဲ့ ငါကဘာဆိုင်လို့လဲ ?? ငါကအရင်တုန်းက Kim Tae Hyung မဟုတ်တော့ဘူးဆိုတာမှတ်ထား !! အရင်လို မင်းနှိပ်စက်တာခံမယ့် ပျော့ညံ့တဲ့ Kim Tae Hyung မဟုတ်တော့ဘူး !! ငါသွားတော့မယ် အိမ်မှာ ဦးလေစောင့်နေတယ်"

ကျွန်တော့လက်ကိုဆွဲထားတဲ့
သူ့ရဲ့လက်ကိုဖြုတ်ချကာ
ထိုနေရာမှာအမြန်ပြေးထွက်လာတယ်

ကားစက်နှိုးပြီးထွက်သွားတဲ့
Tae ရဲ့ကားလေးကို
မျက်စိတစ်ဆုံးသူလိုက်ကြည့်မိတယ်

အမြင်အာရုံကနေပျောက်ကွယ်
သွားတဲ့အထိ

တစ်ခါမှမျက်ရည်မကျဘူးတဲ့
Jung Kook ဟာ
Tae Hyung ကြောင့်
မျက်ရည်ထပ်ကျပြန်တယ်

ထိန်းထားခဲ့ပေမယ့်
ဖြစ်ပေါ်လာတဲ့ဝမ်းနည်း
မှုတွေကြောင့်မျက်ရည်တွေဟာ
တာကျိုးသလိုပါးပြင်ပေါ်သို့
စီးဆင်းကုန်တယ်

"မင်းငါ့ကိုမုန်းသွားပြီလား Tae"

Seok Jin ဗိုက်ဆာလာတာမို့
မုန့်စားဖို့မီးဖိုချောင်ထဲကိုဝင်လာတယ်

But ဘာမှမရှိ

"ဟာ ဘာမှမရှိတော့ဘူး ငါဝယ်ထားတဲ့ မုန့်တွေလဲကုန်ပြီ ဘယ်လိုတွေတောင်စားနေကြလဲမသိဘူး"

အရှေ့ကိုတစ်ချက်လှမ်းကြည့်ပြီး

"ဝယ်ခိုင်းဖို့ဘယ်သူမှလဲမရှိဘူး ငါ့ဘာသာပဲထွက်ဝယ်တော့မယ်"

You Are My Every Things ||°KV°|| [ Completed ]Where stories live. Discover now