part -3

1.1K 101 6
                                    

Chaeyoung တစ်ယောက်အိမ်ပြန်ရောက်တော့ သူ့မေမေကို ဒီနေ့ကျောင်းမှာဖြစ်ခဲ့တာတွေကို ပြန်ပြောပြလိုက်တဲ့အချိန်မှာတော့ Chaeyoung အမေက lisaကိုအားနာစရာကောင်းလိုက်တာ Chaeyoung ရယ် သမီးနမော်နမဲ့နိုင်တာပဲ အိမ်မှာလည်း သမီးဆုရတာတွေအများရှိရက်နဲ့ လုံလောက်အောင်ယူသွားပါလားလို့ Chaeyoung ကိုဆူနေသည်

"ဟုတ်ပါသည် Chaeyoungကကျောင်းမှာ အမြဲတမ်း ပထမ ရတော့ ဆုရတဲ့စာအုပ်တွေ ခဲဆစ်ဘောပင်တွေက ပြန်ရောင်းစားရင်တောင်ကုန်မည်မထင်ပါ"

"နောက်နေ့ ကျောင်းထဲကခုံတန်းလေးမှာ lisaထိုင်နေသည်"

"Hay lisa ဘာတွေတွေးနေတာလဲ ငါထိုင်လို့ရမလားဟင်"Chaeyoung မေးလိုက်သည်

"ရပါတယ် ထိုင်လေ"

"ရော့ လက်ဆောင်ပေးတာ🖊 "

"ဟင် ရပါတယ် မယူချင်ဘူး"

"ယူပါနော် သူငယ်ချင်းတွေကိုအကုန်ပေးတာ နင်လည်းယူရမယ်နော် မနေ့က နင့်ပေးမယ့်ချိန်ကျ ခဲဆစ်ဘောပင်က လိုသွားတာ နင်ကလည်းအိပ်နေတာနဲ့ ငါလည်းမနိုးရက်တာနဲ့ ရှေ့ပြန်လည့်သွားတာ တောင်းပန်တယ်နော်"

"ရပါတယ် စိတ်မရှိပါဘူး ဒါမယ့် ရော့ ပြန်ယူလိုက် ငါကဘယ်သူပေးတာမှ မယူဖူးဘူးမို့"

"နင်ကလည်း ယူပါဟာ ငါ့ကိုခင်တယ်ဆိုယူပါနော် ယူနော်..နော်လို့" Chaeyoung ချွဲသံလေးနဲ့ပြောလိုက်သည်

"Ok ဒီတခါတော့ ယူလိုက်မယ် thank u"လို့ပြောပြီး lisaစိတ်ထဲအတွေးတစ်ခုပေါ်လာသည် "Chaeyoung ရယ် ငါတောင်းပန်ပါတယ် မင်းကို စာတော်လို့ မာနကြီးပြီးမောက်မာအနိုင်ကျင့်တတ်တဲ့သူဖြစ်မယ်လို့ထင်ခဲ့မိတယ် တကယ်တော့ မင်းကအရမ်းဖြူစင်ပြီး ချစ်ဖို့ကောင်းတယ် Chaeyoung ရယ်"

"ဒါဆို ငါတို့သူငယ်ချင်းဖြစ်ပြီနော် lisa"

"ဟမ် အေး ရပါတယ် "

"လာ အဲ့ဆိုအတန်းထဲသွားကြစို့" Chaeyoung ပြောပြီး lisaလက်ဆွဲကာအတန်းထဲဝင်လာကြသည်

"အတန်းထဲတွင် lisaသူငယ်ချင်းများနဲ့ တခြားကျောင်းသူတွေပါ အံ့သြစွာ lisaနဲ့chaeyoungတို့ကိုကြည့်နေကြသည်
Chaeyoungကစာတော်တော့ Chaeyoung နဲ့ခင်ချင်ကြသည် အခုlisaကို Chaeyoung နဲ့အတူလက်ဆွဲဝင်လာတာမြင်ကြတော့ တချို့ကမနာလိုကြသည်
အထူးသဖြင့် jennyအတွေးထဲတွင် "Chaeyoung က lisaနဲ့ဘယ်လိုခင်သွားတာလဲ Chaeyoung ကပုံမှန်ဆို ဘယ်သူနဲ့မှရောရောနှောနှောမနေပါဘူး အခုသူ့ကြည့်ရတာ lisaကို အရမ်းခင်နေသလိုပဲ "

Fight For Our Silent LoveWhere stories live. Discover now