Part -11

811 72 10
                                    

နောက်တစ်နေ့ကျောင်းရောက်တော့...

မိုးဖွဲဖွဲလေးတွေက ညင်သာစွာကျဆင်းနေသလို လေပြေလေသွေးလေးတွေကလည်း ခပ်ပါးပါးလေးတိုက်ခက်နေသည် လမ်းမထက်ကနေ ကျောင်းဝန်းထဲအလျှိုအလျှိုဝင်လာကြတဲ့ ကျောင်းသူကျောင်းသားလေးတွေကလည်း ရောင်စုံထီး​လေးတွေ ကိုယ်စီဆောင်းထားကြသည် မြေသင်းနံ့လေးတွေကလည်း သင်းပျံ့နေကာ မိုးရေစက်တွေနဲ့ လေပြေအကြား ယိမ်းနွဲ့ခါရမ်းနေတဲ့သစ်ကိုင်းတစ်ချို့ရယ် လေအဝှေ့မှာ ကြွေကာသွားတဲ့သစ်ရွက်ငယ်တို့ကလည်း မြင်ရသူအဖို့ရင်သပ်ရှု့မောစရာ ကောင်းလှသည်
ပတ်ဝန်းကျင်တစ်ခွင်ကလည်း အနည်းငယ်တိတ်ဆိတ်နေပြီး ကျောင်းရဲ့ထောင့်တစ်နေရာက ပြတင်းပေါက်တစ်ခုမှာ ဆွေးငေးသယောင်ပုံစံလေးဖြင့် ကောင်မလေး တစ်ယောက် အပြင်ဘက်ကမိုးရေစက်တို့ကို လက်လေးထုတ်ကာ ခံယူနေရင်း အတွေးနယ်ချဲ့နေမိချိန်တွင် ရွှေအိုရောင်ဆံပင်လေးနဲ့ ထီးအပြာရောင်လေးကိုဆောင်းထားတဲ့ကောင်မလေး ကျောင်းထဲကိုဝင်လာသည်ကို တစ်မေ့တစ်မော ငေးကြည့်နေမိသည် ခဏအကြာမှာ ရွှေအိုရောင်ဆံပင်နဲ့ကောင်မလေးက ပြတင်းပေါက်နားမှာရှိတဲ့ကောင်မလေးဘေးနားရောက်လာကာ ရုတ်တရက်ထပြေးသွားသည်

"ဟဲ့ ကောင်မတွေ ငါ့ကိုကျမစောင့်ဘူး😒
ငါမှာ့ ဟိုကောင်လေးနားတစ်ယောက်တည်းကျန်ခဲ့လို့ လန့်ပြီးပြေးလာရတာ😏"

"ဟမ် chaeကဘယ်သူ့ဘေးသွားရပ်တာမို့လဲ
ငါတို့ခုနက ထီးသွားထားတဲ့နေရာဖြင့် ဘယ်ယောက်ျားလေးမှမရှိပါဘူး chaeရဲ့"

"ရှိပါတယ်ဆို ဟိုမှာမတွေ့ဘူးလား ပြတင်းပေါက်ဘေးမှာ တစ်ယောက်တည်း ရပ်နေတာလေ"

"အာ ဟုတ်သားပဲ သူကဘယ်လိုလုပ်ရှိနေတာလဲ ဟမ်"

သူငယ်ချင်းတစ်စုနဲ့chaeအငြင်းအခုန်လုပ်နေချိန် ဘေးနားမှ bam bamဆိုသည့်ကောင်လေးက အသံပြဲကြီးနဲ့အော်လိုက်တာကြောင့် chaeတို့လန့်သွားကြသည်

"Hay lisa ဘာရပ်လုပ်နေတာလဲ လာတော့လေ ခဏနေ ကျောင်းတက်တော့မယ်ဟ"

ဘေးနားက bam bamဆိုသည့်ကောင်လေးက lisaလို့လှမ်းခေါ်လိုက်တာမို့ ပြတင်းပေါက်နားမှာ ရပ်နေတဲ့ကောင်လေးလို့ထင်ရတဲ့ကောင်မလေးက chaeတို့ရှိရာဘက် မျက်နှာလည့်လိုက်ကာ အနည်းငယ်ပြုံးသယောင်ပြုပြီး လမ်းလျှောက်လာသည်မှာ အရမ်းစမတ်ကျလှသည်

Fight For Our Silent LoveWhere stories live. Discover now