Part -17

928 74 23
                                    

ကျောင်းမှာလည်း အားကစားပြိုင်ပွဲတွေကျင်းပပြီးစီးတဲ့အခါ လီလီက ဘောလုံးနဲ့အကောင်းဆုံးဆုတစ်ခုသာရခဲ့ပြီး ယောင်းကတော့ ဆုလေးခုထိရခဲ့သည် အမှန်တကယ် လီလီက ကျောင်းအားကစားပြိုင်ပွဲမှာ မပါတော့ဘူးလို့ ဆုံးဖြတ်ထားပေမယ့် ယောင်းက ပါကိုပါရမယ်ဆိုပြီး ခဏခဏပူဆာလွန်းလို့ ယောင်းသဘောလို့ပြောလိုက်တော့ သူ့ဘာသာ လီလီနာမည်စာရင်းမှတ်သွားသည် ပြီးမှ ဘယ်လိုကစားပွဲယှဥ်ပြိုင်ချင်လဲလို့မေးမှ လီလီဆော့တတ်တာတစ်ခုမှမရှိပေ နောက်ပိုင်းမှ ယောင်းက လီလီဆော့တတ်တာ ဘာရှိလဲမေးမှ ဘောလုံးပဲကန်တတ်တာလို့ပြောလိုက်တော့ ယောင်းက ဆရာမတွေကို မိန်းကလေးဘောလုံးပွဲ ထည့်ပေးဖို့ပူဆာခဲ့သည်မို့ လီလီတစ်ယောက် ဘောလုံးနဲ့ယှဥ်ပြိုင်ခွင့်ရပြီး ရှုံးပေမယ့် အကောင်းဆုံးဆုရခဲ့ခြင်းဖြစ်သည်

" ကျေးဇူးပဲနော် ယောင်း"
"ဘာအတွက်လဲ လီလီ"

"ယောင်းရဲ့ကျေးဇူးကြောင့် လီလီဆုရခဲ့တာလေ"

"လီလီကတော်လို့ပါ ယောင်းကြောင့်မဟုတ်ပါဘူး"
"အင်း ဘာပဲဖြစ်ဖြစ် ကိုယ်ကတော့ ယောင်းကိုကျေးဇူးတင်တယ်"

"လီလီ သဘောလေ😁"
"လီလီတို့ မုန့်သွားစားရအောင်"
"သွားမယ်လေ"

ကျောင်းနားက မုန့်ဆိုင်ရောက်တော့ ကောင်မလေးအုပ်စုအဖွဲ့ဆီက တီးတိုးတီးတိုးအသံတွေကြားနေရသည်

"ယောင်း ဘာစားမှာလဲ
လီလီ ဝယ်ကျွေးမယ်လေ"

"ယောင်းက ဘာဖြစ်ဖြစ်ရတယ် လီလီကဗိုက်ဆာလို့လား"

"မဆာပါဘူး ယောင်းရဲ့"
"အဲ့တာဆို ပေါင်မုန့်နဲ့သရေစာအချို့ဝယ်ပြီးအတန်းထဲမှာပဲ စားရအောင် ရတယ်မလား လီလီ"

ဘေးနားကကောင်မလေးတွေက လီလီကိုမျက်လုံးကြီးကျွတ်ကျမတတ် ကြည့်နေကြတာကြောင့် လီလီကိုသဝန်တိုစိတ်ကဖြစ်လာပြီး အတန်းထဲမှာသာ စားဖို့ပြောလိုက်ရသည်

"အဆင်ပြေပါတယ် ယောင်းသဘောလေ"

စျေးသည်အန်တီကြီးကို ပိုက်ဆံပေးဖို့ လွယ်အိတ်ထဲက ပိုက်ဆံထုတ်လိုက်သည်

"အန်တီ ဘယ်လောက်ကျလဲ"
"1500"
"ရော့ အန်တီ😁"

အန်တီကြီးကို ကျသင့်ငွေကိုပေးမယ်လို့ လက်လှမ်းနေတုန်း ဘေးကိုဘယ်လိုရောက်လာတယ်မသိတဲ့ကောင်မလေးတစ်ယောက်ကလီလီတို့မုန့်ဖိုးကျသင့်ငွေကို ကြားဖြတ်ပြီးဝင်ပေးလိုက်လို့ ဘာပါလိမ့်ဆိုပြီး ငေးကြည့်သလိုဖြစ်သွားသည်

Fight For Our Silent LoveWhere stories live. Discover now