Part- 10

868 74 11
                                    

အခန်းလေးက အရမ်းကြီး မကျယ်သလို အရမ်းလည်း မကျဥ်းလှပါဘူး တစ်ခန်းလုံးလည်း ဆုတွေနဲ့ပြည့်နေသည်မှာ မြင်ရသူတွေအတွက် အားကျရသလို အားလည်းငယ်ရပါသည် စာတော်သူပီပီ စာအုပ်လေးတွေစီထားသည်ကိုကြည့်ရသည်မှာ စာကိုနေ့စဥ်ပုံမှန်ကြည့်ကြောင်း ထင်ရှားလှပါသည်

"Lili ဘာတွေအဲ့လောက်ကြည့်နေတာလဲ Youngအခန်းကအဲ့လောက်စိတ်ဝင်စားစရာကောင်းနေလို့လား😏"

"Youngကလည်း အခန်းလေးကြည့်တာတောင် နှမြောနေတယ်ပေါ့"

"Liliနော် ကျောင်းရောက်မှ Youngရဲ့အခန်းကမကောင်းဘူး ရှုပ်ပွနေတာပဲပြောရင် သတ်မှာနော်"

"အခြေနေအရပေါ့ Youngရယ်😁"

"ဟာ liliနော်🙄🙄"

မြင်မြင်ချင်း အချစ်ကို liliယုံသွားပြီ အချစ်ဆိုတာ ဆန်းကြယ်သား ဘဝမှာဘယ်သူ့ကိုမှ မတွယ်တာတတ်သလို ဘယ်သူ့ကိုမှလည်းချစ်ခင်စရာမလိုဘူးထင်ခဲ့တာတွေက youngဆိုတဲ့ကောင်မလေးနဲ့တွေ့မှပဲ ကိုယ့်အတွေးတွေ မှားယွင်းခဲ့မှန်းသိခဲ့ရတယ် ချစ်မိပြီဆိုတော့လည်း ချစ်ရသူလေးရဲ့ အသေးမွှားအပြုမူလေးကအစ သဘောတွေကျပြီးချစ်နေရတာမဟုတ်လား အခုလည်း ချစ်ရသူyoungလေးက မျက်နှာလေးစူပုတ်ပြီး စိတ်ကောက်ချင်ယောင်ဆောင်နေပြန်ပါပြီ သူနဲ့ကိုယ်က ခင်တာသိပ်မကြာသေးဘူးဆိုပေမယ့် youngကအရမ်းဖော်ရွေပြီး ကလေးဆန်တာမို့ ပိုရင်းနှီးတယ်လို့ခံစားရစေတယ်လေ

"Young....youngလေး "

"🙄🙄🙄"

"Youngလေး စိတ်ဆိုးနေတာလား liliချော့ရမလား"

"🙄🙄🙄 ( အချော့ခံချင်လို့မှ စိတ်ကောက်ပါတယ်ဆို💭💭)

"Young "

"Liliဘာလုပ်တာလဲ👀👀"

"ဘာလုပ်မယ်လို့ youngကထင်လို့လဲ😄😊"

Liliက မက်တပ်ရပ်နေရာမှ တစ်ဖြည်းဖြည်း youngရှိတဲ့ကုတင်နားတိုးလာပြီး ရုတ်တရက် youngမျက်နှာလေးနားကပ်ကာ youngခါးလေးကိုလည်း ဆက်ကနဲဆွဲဖက်ပြီး ဖြေးဖြေးချင်း youngကို အိပ်ယာပေါ်မှာအသာလေးတွန်းချရင်း youngကိုယ်ပေါ်ကနေ ပြုံးစိစိကြီးလုပ်နေသည်မှာ အမြင်ကပ်စရာကောင်းလှပေသည် liliအောက်မှာရှိတဲ့ youngကတော့ ရင်တွေအရမ်းခုန်နေမိပါသည် ရင်ခုန်သံတွေမကြားသွားစေဖို့ အသက်ကိုပင် အောင့်ထားရသည်မှာ ကြာလှပြီဖြစ်လို့ အသက်ရှုရန် ကြိုးစားရင်း liliကိုမရဲတရဲလေးမော့ကြည့်မိလိုက်ချိန် liliအရမ်းချောသည်ဟု မှတ်ချက်ချမိသည်

Fight For Our Silent LoveHikayelerin yaşadığı yer. Şimdi keşfedin