နောက်တစ်နေ့မနက်
hyungwonအိပ်ယာကနိုးလာတော့အရင်နေ့တွေကနဲ့မတူပဲ နေလို့ကောင်းနေတယ် ပြီးတော့မှသူ့လက္မှာချည်ထားတဲ့ကြိုးတွေမရှိတော့တာ သိလိုက်ရတယ်
"ဟင်! ငါ့ကိုကြိုးဘယ်သူဖြည်ပေးလိုက်တာလဲ Minhyukလား? ဒါမှမဟုတ် yoonလား?"
ဒေါက်* ဒေါက်* ဒေါက်*
"၀င်ခဲ့"
"အကိုလေး အကိုလေးminhyukမရှိဘူးလား"
"ဒီမှာတော့မရှိဘူး ကျွန်တော်လဲအခုမှနိုးတာ "
"ဟုတ် အပြင်ထွက်သွားတယ်ထင်တယ် ဒါဆို ခွင့်ပြုပါဦး"
"နေဦး!"
"...."
"မင်းလက်ထဲကဘာလဲ"
"ဘာ..ဘာမှမဟုတ်ပါဘူး ရိုးရိုးသတင်းစာပါ"
yoonပုံစံကပုံမှန်မဟုတ် အခန်းထဲ၀င်လာကတည်းကတစ်ခုခုကိုစိုးရိမ်နေတဲ့ပုံစံဆိုတော့ hyungwonမသင်္ကာဖြစ်သွားတယ်
"ငါကြည့်လို့ရမလား"
"ဟို..."
yoonတွေ၀ေနတုန်းမှာပဲ hyungwon yoonလက်ထဲကသတင်းစာကိုဆွဲယူလိုက်တယ်
"သွားလို့ရပြီ"
"ရှင်! မဟုတ်ဘူး အကိုလေး ဟိုဟာ"
"ဘာဖြစ်လို့လဲ ငါလဲသတင်းစာဖတ်ချင်လို့လေ ငါဖတ်ပြီးရင်မင်းကိုလာပြန်ပေးမှာမို့လို့ အခုအခန်းထဲကထွက်သွားပေးလို့ရမလား"
မတက်နိုင်တဲ့အဆုံးyoonလည်းအခန်းထဲကထွက်လာလိုက်ရတယ်။
yoonအခန်းအပြင်ရောက်တော့ minhyukဆီချက်ချင်းဖုန်းဆက်ပြီး အကြောင်းစုံရှင်းပြလိုက်တယ်။
"ဘာ!! မင်းကဘာလို့ရအောင်မတားပဲဒီအတိုင်းပေးလိုက်ရတာလဲ ကျစ်* အေး ငါအခုချက်ချင်းပြန်လာခဲ့မယ်"
yoonဆီကအကြောင်းစုံသိရတာနဲ့minhyukအလုပ်ကိစ္စတွေအကုန်ပစ်ထားခဲ့ပြီးအိမ်ကိုအမြန်ပြန်လာခဲ့တယ်။
အိမ်ရောက်တာနဲ့ချက်ချင်းပဲအပေါ်တက်သွားပြီး hyungwonရှိနေတဲ့အခန်းထဲ၀င်သွားလိုက်တယ် စိတ်ပူနေတာမို့လို့အခန်းတံခါးတောင်မခေါက္မိ
YOU ARE READING
You are Mine (Complete)
Short Storyမင်းကိုဒီအတိုင်းလွယ်လွယ်နဲ့လွှတ်ပေးမယ်လို့ထင်နေတာလား Lee Minhyuk × Chae Hyungwon