(6)

63 4 1
                                    

"အား....ဟင်!! ငါဘယ်ရောက်နေတာလဲ"

Hyungwonနိုးလာတော့ ထိုင်ခုံပေါ်မှာထိုင်လျှက်
လက်တွေခြေထောက်တွေကိုလဲကြိုးတွေနဲ့ချည်ခံထားရတယ်။အခန်းကလဲမဲမှောင်နေတာ။

"ဘာ‌ေတွဖြစ်ကုန်တာလဲ...ဒါဘယ်နေရာလဲ..."

"ဘယ်နေရာလို့ထင်လဲ?"

"ဟင်!! min..minhyuk shi???"

"ဟက်!"

"မင်း ဘာလုပ်တာလဲ ဘာလို့ငါ့ကိုအခုလိုလုပ်တာလဲ"

"ကိုယ့်အပိုင်မို့လို့ ကိုယ့်အိမ်ကိုခေါ်လာတာလေ"

"ဒါ..ဒါဆို ငါ့မင်္ဂလာပွဲ.....ငါ့...ငါ့အမေ ငါ့အမေကော ငါ့အမေကောလို့"

"ဆေးရုံမှာ"

"ဘာ!! ဆေးရုံ!! ဘယ်လိုဖြစ်တာလဲ ဘာတွေဖြစ်ကုန်တာလဲ ငါ့ကုိလွှတ်ပေးပါ ငါ့အမေဆီသွားချင်တယ် ငါတောင်းပန်ပါတယ်ငါ့ကိုလွှတ်ပေးပါ"

"စိတ်မပူပါနဲ့ မင်းအမေဘာမှမဖြစ်ပါဘူး မင်္ဂလာပွဲမှာသတို့သားက သူ့ချစ်သူနောက်လိုက်သွားပြီဆိုတာသိလိုက်ရလို့ shockရသွားရုံလေးပဲ
သတို့သမီးလေးကတော့ သတို့သားမရှိတဲ့မင်္ဂလာပွဲကိုတစ်ယောက်ထဲကျင်းပလိုက်ရတာပေါ့ အဟက်! ခုနကတောင်သတင်းကြားလိုက်ရပါသေးတယ် ဘာတဲ့ ရှက်လို့ ကိုယ့်ကိုကိုယ်သတ်သေမယ်ဆိုလား..."

"မင်း...မင်းလူယုတ်မာ!! မကောင်းတဲ့ကောင်!! မင်းဘာတွေလုပ်နေတာလဲ မင်းရူးနေပြီလား!!"

"ဟုတ်တယ်!! ငါရူးနေပြီ အဲ့တာမင်းကြောင့် မင်းကြောင့်hyungwonရဲ့!!!'

"အဲ့တာတွေငါမသိဘူး!!! အခုငါ့ကိုလွှတ်ပေး!!! ငါ့အမေဆီသွားပါရစေ ငါ့ကိုလွှတ်ပေးပါ!!!"

"မလွှတ်ပေးနိုင်ဘူး အခုကစပြီးမင်းကိုငါအပိုင်သိမ်းထားတော့မှာ မင်းငါ့နားကနေဘယ်မှထွက်သွားလို့မရဘူး"
"hyungwon ah~မင်္ဂလာပွဲကလည်းပျက်သွားပြီဆိုတော့ ကိစ္စတွေကလည်းရှင်းသွားပြီ အဲ့တော့ငါတို့အတူတူနေသွားကြရအောင် နော် မင်းလဲငါ့ကိုချစ်တယ်မဟုတ်လားဟင်"

"မချစ်ဘူး မင်းကငါအရင်ကချစ်ခဲ့ဖူးတဲ့minhyukမဟုတ်တော့ဘူး မင်းကမကောင်းဆိုးဝါး မုန်းတယ်
!!! ငါမင်းကိုအရမ်းမုန်းတယ်!!!"

You are Mine (Complete)Where stories live. Discover now