(5)

58 5 0
                                    

"အမလေး ငါ့သားလေးကချောလိုက်တာ"

"ဟုတ်ပ ငါ့တူလေးကအရင်ကလဲချောတယ်ဆိုပေမဲ့ ဒီနေ့ကျမှပိုချောနေတာဟေ့ မင်းသားလေးကျနေတာပဲ"

"တီလေးကတော့ ‌ေြမှာက်နေပြန်ပြီ"

"ကဲ သား အမေnaeun‌အခန်းဘက်သွားလိုက်ဦးမယ်"

"ဟုတ် အမေ"

Hyungwonရဲ့အမေနဲ့အဒေါ်က naeunအခန်းဘက်သွားကြတာမို့လို့ အခန်းထဲမှာ hyungwonနဲ့မိတ်ကပ်ပြင်တဲ့ကောင်မလေးပဲကျန်ခဲ့တယ်။အဲ့အချိန်မှာ...

"အကို အကို့သူငယ်ချင်းတစ်ယောက်ကအကို့ကိုတွေ့ချင်လို့တဲ့ အပြင်ခဏလောက်ထွက်ခဲ့ပေးပါလားတဲ့"

"ဟုတ္လား ၀င်လာခိုင်းလိုက်လေကွာ"

"အချိန်မရှိလို့တဲ့အကို အကိုနဲ့ခဏပဲတွေ့ချင်တာတဲ့"

"အေး ပြီးရော"

"ညီမ ကျွန်တော့အပြင်ခဏထွက်လိုက်ဦးမယ် ကျွန်‌ေတာ့အမေ၀င်လာရင်လေ ကျွန်တော်မိတ်ဆွေတစ်‌ေယာက်နဲ့အပြင်မှာစကားသွားပြောနေတယ်လို့ပြောလိုက်နော်"

"ဟုတ်ကဲ့ အကို"

Hyungwonလဲမိတ်ကပ်ပြင်တဲ့ကောင်မ‌ေလးကိုမှာခဲ့ပြီး အပြင်ကိုထွက်လာလိုက်တယ်။အပြင်မှာခုနကသူ့ကိုလာခေါ်တဲ့အလုပ်သမားကောင်လေးကိုတွေတော့...
"ဟေ့ ညီလေး သူကဘယ်မှာစောင့်နေတာလဲ"

"ခန်းမအနောက်ကပန်းြခံမှာတဲ့ အကို"

"အော် အေး အေး ကျေးဇူးပဲနော်"

အဲ့တာနဲ့ပဲhyungwonခန်းမအနောက်ဘက်ကိုလျှောက်လာလိုက်တယ် စိတ်ထဲမှာတော့ ဘယ်သူပါလိမ့်လို့တွေးရင်းနဲ့ပေါ့

"ဒီနေရာကတော်တော်ချောင်ကျတာပဲ"

Hyungwonစိတ်ထဲကနေရေရွတ်လိုက်တယ်။ပြီးတော့hyungwonလှမ်းမြင်နေရတာ သူ့ကိုကျောပေးပြီးရပ်နေတဲ့လူတစ်ယောက် ။အနီးနားထိသွားလိုက်တော့ တကယ့်ကိုရင်းနှီးနေတဲ့ကျောပြင်

"ဟင်! ဒါ...min.."

"မတွေ့တာကြာပြီနော် hyungwon"

"မင်း...မင်း ဒီကိုဘယ်လိုရောက်လာတာလဲ"

"ဒီအတိုင်း...တွေ့ချင်လို့ မင်းကငါ့ကိုတွေ့တာ ဘာလို့အဲ့လောက်တုန်လှုပ်နေတာလဲ"

You are Mine (Complete)Where stories live. Discover now