(3)

69 4 1
                                    

တီး တောင်~တီး တောင်

"အော်အကို ၀င်လေ"

အခုရက်ပိုင်းပျောက်နေတဲ့အပြင်ဖုန်းဆက်တာလဲမကိုင်လို့ အိမ်ထိလိုက်လာသောkihyun
minhyukရဲ့တစ်ဦးတည်းသောငယ်သူငယ်ချင်း minhyukအကြောင်းကိုလဲအသိဆုံးလူပေါ့

"အေး minhyukအိမ်မှာရှိလား ဒီကောင်ငါဖုန်းခေါ်တာလဲမကိုင်ဘူး အလုပ်လဲမသွားဘူးဆို ဘာတွေဖြစ်နေတာလဲ နေမကောင်းဖြစ်နေလို့လား"

"အကိုလေး အိမ်မှာရှိပါတယ်အကို နေလဲကောင်းပါတယ် ဒါပေမဲ့..."

"ဒါပေမဲ့ ဘာဖြစ်လဲ"

"မနေ့ကအပြင်ကပြန်လာပြီးကတည်းက အခန်းထဲကမထွက်တော့ဘူး ထမင်းလဲမစားဘူး အရက်တွေပဲအများကြီးသောက်နေတယ်"

"ဟမ်!! အရက်တွေအများကြီး‌ေသာက်နေတယ်?? ဒီကောင်ကအရက္မှမသောက်နိုင်တာ"

"ဟုတ်တယ် ပြီးတော့ငိုလည်းငိုနေတယ် ပစ္စည်းတွေပစ်ပေါက်တဲ့အသံတွေလည်းကြားတယ်"

"ဘာတွေဖြစ်နေတာလဲ မင်းကလဲနည်းနည်းပါးပါးမမေးကြည့်ဘူးလား"

"ကျွန်တော်လဲမမေးရဲလို့ အကိုလေးကဒေါသထွက်ရင်အရမ်းကြောက်ဖို့ကောင်းတယ်"

"အခုကော"

"အခုတော့ အိပ်ပျော်သွားပြီထင်တယ် ဘာသံမှမကြားတော့ဘူး"

"ဟာ အဲ့လိုလွှတ်ထားလို့မရဘူးလေ နေဦး ငါသွားကြည့်မယ်"

ဒေါက်~ဒေါက်~ဒေါက်
Minhyuk ah~
Minhyuk ah~ငါ Kihyun
Minhyuk ah ငါ Kihyun တံခါးဖွင့်ပေးဦး

"သူ့အခန်းသော့မင်းမှာရှိလား"

"ဟုတ် ရှိတယ်"

"အေး ယူလာခဲ့"

"ဟို အကိုလေးက သူခွင့်ပြုချက္မရဘဲ သူ့အခန်းထဲ၀င်တာမကြိုက်ဘူး"

"ကျစ်!! မကြိုက်လဲဘယ်လိုလုပ်ရမှာလဲ အခုခေါ်လို့မှမရတာ အထဲမှာတစ်ခုခုဖြစ်နေရင်ဘယ်လိုလုပ်မလဲ!! သွားယူ သွား!!"

"ဟုတ်"

"အကို ဒီမှာ"

kihyunအခန်းတံခါးကိုသော့ဖွင့်ပြီး၀င်လိုက်တော့ မြင်လိုက်ရတဲ့မြင်ကွင်းက kihyunရဲ့မျက်လုံးတွေကိုပြူးကျယ်စေခဲ့တယ်။

You are Mine (Complete)Where stories live. Discover now