4. How about you?

4.2K 661 23
                                    

"မယူဘူးနော် လာမပေးနဲ့"

"နင်ကလည်း....."

"ဘာလဲ! Albus ကို ပြောထားတာမှမကြာသေးဘူး နင်ကပါ သူ့ဘက်တော်သားလုပ်နေပြီလား"

Rose က ဘူးတစ်လုံးဆောင်ပြီး Malfoy စာကို လုံးဝလက်မခံ။

ရှောင်းကျန့် Niffy ကို လှမ်းကြည့်တော့ ပေါက်စကလည်း ခက်ရင်းလေးတကိုင်ကိုင်နဲ့ ပြန်ကြည့်တယ်။ ပါးနပ်တဲ့ Niffy က လူ့ခံစားချက်ကို အနည်းနဲ့အများ သဘောပေါက်တယ်။ ထို့ကြောင့် Rose စိတ်ညစ်ပြေမယ်အထင်နဲ့ သူကိုင်ထားတဲ့ ငွေရောင်ခက်ရင်းလေး လက်ထဲထည့်ပေးလေရဲ့။

"Awwn~ Niffy အတော်ဆုံး ငါ့ခံစားချက်ကိုနားလည်တာ Niffy လေးပဲ ရှိတယ်"

Rose က Niffy ကို ခေါင်းပွတ်လို့ ကွတ်ကီးခွံ့ကျွေးတယ်။ ရှောင်းကျန့်မှာတော့ စားပွဲပေါ်က စာအိတ်အစိမ်းကို ဘာလုပ်ရမယ်မသိ။ တာဝန်အရတော့ ပေးပြီးပြီ။ ကာယကံရှင်မယူတာတော့ သူလည်းမတတ်နိုင်။

ဟောခန်းမကြီးထဲ ကျောင်းသားတွေဟိုတစ်စုဒီတစ်စုနဲ့ မုန့်စားသူစား၊ စာဆွေးနွေးသူက ဆွေးနွေး။ ကိုယ့်လူတွေမက အပြင်ကျောင်းသားတွေလည်းရှိလို့ အရင်ထက် လူပိုများတာတော့အမှန်။

ရှောင်းကျန့် နှုတ်ခမ်းဖျားထက် အသားချောင်းကိုက်ရင်း စာအုပ်ပဲဖတ်နေလိုက်တယ်။ တုံယမ်းအရသာ အသားချောင်းက လျှာပေါ်မှာစပ်ဖျင်းဖျင်းနဲ့ သိပ်အရသာရှိ။ စိတ်မကြည်တဲ့ Rose ကလည်း အသားချောင်းကိုပါးစပ်ထဲထည့်လို့ ရက်ရက်စက်စက်ကိုက်ဝါးနေတော့ရဲ့။

ကိုယ့်သူငယ်ချင်းဒေါသ ကိုယ်အသိဆုံးမို့ ရှောင်းကျန့်ဘာမှဆက်မပြော။ ဆက်ပြောရင် စာအိတ်မီးမြှိုက်ခံရမလား သူ့ကိုပဲမီးထရှို့မလား ခန့်မှန်းမရသည်မို့။

"ငါမေးပါဦးမယ် နင်နဲ့ Malfoy ဘယ်တုန်းက အပေးအယူတည့်သွားတာလဲ"

"ဘာကိုလဲ..."

ရှောင်းကျန့် စာမျက်နှာနောက်တစ်ရွက်လှန်ရင်း ခေါင်းရမ်းလိုက်တယ်။ Rose တစ်ယောက်တော့ ထုံးစံအတိုင်း မည်းမည်းမြင်ရာအကောင်ထင်ပြီ။

"ရူးချင်ယောင်ဆောင်မနေနဲ့ မြန်မြန်ဖြေ"

"ဘာလို့ရူးချင်ယောင်ဆောင်ရမှာလဲ? ဘာအပေးအယူမှမရှိဘူး သူပေးခိုင်းလို့ပေးတာ"

Lilac under Moonlight ||Completed||Where stories live. Discover now