10. For you, my dear

4.3K 635 58
                                    

"ဒီအချိန်ကြီးမှရေထဲဆင်းခိုင်းရတယ်လို့... ရက်စက်လိုက်ကြတာ"

"သူတို့ကိုကြည့်ပြီး ငါချမ်းနေပြီ"

တတိယမြောက်စိန်ခေါ်ပွဲ။ ပြိုင်ပွဲခေါင်းစဉ်က ရေအောက်မှာရှိတဲ့ရတနာကိုပြန်ယူပါ။

လူတိုင်းမှာ တန်ဖိုးထားရတဲ့အရာရှိတယ်။ ထိုအရာအလုခံရပြီဆိုတာနဲ့ အသက်နဲ့လဲပြီးပြန်ယူတယ်။ ပျောက်သွားတယ်ဆိုရင်လည်း အသည်းအသန်လိုက်ရှာတယ်။ ဒီတစ်ခေါက်ပြိုင်ပွဲကဒါပါပဲ။

ပြိုင်ပွဲဝင်သုံးဦးရဲ့ရတနာတွေဟာ Hogwarts ကျောင်းတော်ရဲ့ ရေကန်ကြီးအောက်မှာရှိနေတယ်။ အဲ့ရတနာတွေကိုပြန်ယူဖို့ ရေအောက်ကိုသွားရမယ်။ လမ်းမှာရှိတဲ့အခက်အခဲတွေကိုကျော်ဖြတ်ပြီး ကိုယ့်ရတနာနဲ့အတူ ရေမျက်နှာပြင်ပေါ် အမြန်ဆုံးပြန်တက်လာသူကအနိုင်ရမယ်။ တတိယပွဲစဉ်ဖြစ်လို့ အတားအဆီးကပေါ့သေးသေးမဟုတ်။ အခန့်မသင့်ရင် ရတနာပြန်မရဘဲဒဏ်ရာရမယ့်ကိန်း။

"သူတို့ကလည်းဟယ် အပေါ်အင်္ကျီမချွတ်ကြဘူး"

"ဟုတ်ပါ့ ဒီမှာကြည့်ချင်လွန်းလို့အချမ်းခံပြီး အစောကြီးထလာတာကို"

"ယောက်ျားလေးတွေပဲကောင်းတယ် Delphine ရဲ့ပေါင်တံတွေကို ငမ်းနေကြတာကြည့်ဦး... ဒါတောင် Two piece ဝတ်ထားတာမဟုတ်ဘူးနော်"

တစ်ကိုယ်လုံးမှလက်နဲ့ခြေထောက်ပဲပေါ်တဲ့ ရေကူးဝတ်စုံအပြာဖျော့လေးနဲ့ Delphine ။ မူဟန်မပျက်၊ အပြုံးလှလှလေးပန်ဆင်လို့ရယ်။ Albus က လက်ပြတ်အင်္ကျီအစိမ်း၊ ဘောင်းဘီတိုအဖြူ။ Leo က ဘောင်းဘီအညိုနဲ့၊ ဇစ်ပါတဲ့ hoodie အညိုနဲ့။ သုံးယောက်ထဲမှာ သူတစ်ယောက်ပဲဖက်ရှင်ကွဲထွက်။

"အဲ့ဂေါ်ဖီကောင်က တကယ်ကြီး hoodie နဲ့ ရေငုပ်မှာလား"

နှစ်လုံးပြူးမှန်ပြောင်းနဲ့ အပီအပြင်ချောင်းနေတဲ့ Ren'ee ။ ပခုံးပေါ်က Doral ကလည်း ပြိုင်ပွဲဝင်တွေကို အပီအပြင်ရှိုးလျက်။ Ren'ee ပတ်ပေးထားတဲ့ မာဖလာအပြာလေးနဲ့ကြည့်ကောင်းနေရဲ့။

"မပြောတတ်ဘူးလေ သူ့စိတ်ကူးနဲ့သူပေါ့"

ဘေးမှာထိုင်နေတဲ့ Rose က လက်နှစ်ဖက်ကိုအာငွေ့ပေးရင်း ပြန်ဖြေတယ်။ နွေးသွားတဲ့လက်တွေကို ပေါင်ပေါ်က Niffy ကိုယ်လုံးလေးနဲ့ထိကပ်ပေးတယ်။ ရာသီဥတုစိမ့်တာမို့ Niffy လည်ပင်းမှာလည်း မာဖလာအနီလေးနဲ့။

Lilac under Moonlight ||Completed||Where stories live. Discover now