9. Eyes on you

4K 608 26
                                    

"ပြောစရာရှိတယ် အချိန်ပေးလို့ရမလား" ဆိုတဲ့စကားကြောင့် ကျောက်နံရံကြီးတွေအနား ထပ်ရောက်ဖြစ်တယ်။ Leo Wang နဲ့အတူပေါ့။

Green house မှာ အပင်တွေအကြောင်းလေ့လာနေတုန်း ရုတ်တရက်ရောက်လာတဲ့ Leo Wang ။

မျက်နှာအမူအရာကရေးကြီးသုတ်ပျာ။ ပြေးလာတဲ့အရှိန်ကြောင့်ဟောဟဲလိုက်လို့။ ဘာဖြစ်သလဲမသိ။ အမောတကောပြေးလာပုံထောက်ရင် အရမ်းအရေးကြီးတဲ့ကိစ္စထင်တယ်။ ဒါကြောင့်လည်း လူသွားလူလာနည်းတဲ့ ကျောက်နံရံတွေဘက်လာခဲ့ခြင်းပင်။

ကျောင်းဝတ်စုံအညိုဝတ်နေကျ Leo ဟာ ဒီနေ့တော့သာမန်အ၀တ်အစားနဲ့။ Hoodie အနက်ကို အပြာရောင် Jean pant နဲ့တွဲဝတ်ထားပုံက တစ်မျိုးတစ်ဖုံအမြင်ဆန်းလျက်။

"ဘာပြောမလို့လဲ "

၃ရက်ဆက်တိုက်ပျောက်နေပြီးမှပေါ်လာတဲ့သူကို စကားလက်ခံပြောသင့်လားတောင်မသိပါ။ ဘာလို့ပျောက်နေလဲမေးရအောင်လည်း ကိုယ်ကသူ့ရဲ့သက်ဆိုင်သူမဟုတ်။ မေးလည်းအဖြေမရနိုင်။ Leo Wang ဆိုတာ ပေါ်ချင်တဲ့အချိန်ပေါ်လာပြီး ပျောက်ချင်တဲ့အချိန်ပျောက်တတ်သူမဟုတ်လား။

"မပြောခင် မင်းကိုတစ်ခုတောင်းဆိုချင်တယ်"

"ဘာလဲ"

"ငါပြောခဲ့သမျှ ဘယ်တစ်ယောက်ကိုမှပြန်မပြောဘူးလို့ကတိပေးပါ"

"ဟမ်?"

"ကျေးဇူးပြုပြီး..."

Leo မျက်နှာက အသနားခံသယောင်ရှိတာမို့ Sean ခေါင်းငြိမ့်လိုက်တယ်။

"ကောင်းပြီ ငါကတိပေးတယ် မင်းဘာပြောမှာလဲ"

Sean စကားအဆုံး သက်ပြင်းတစ်ချက်ချတဲ့ Leo ။ စိတ်ထဲမှာလေးပင်မှုပေါင်းများစွာနဲ့ ဖွင့်ဟပြောဖို့ရာ စာကြောင်းတောင်စီရမယ့်အခြေအနေ။

တစ်နေ့ကျရင် ငါကဒီမှော်လောကကိုဖျက်ဆီးမယ့်သူဖြစ်လာလိမ့်မယ်။ မင်းကကောင်းတဲ့ဘက်မှာရှိပြီး ငါကအဆိုးဘက်မှာရပ်ရမှာ။ မင်းနဲ့ငါတစ်နေ့မဟုတ်တစ်နေ့ ရန်သူတွေဖြစ်သွားမှာစသည်ဖြင့်။

ပြောတော့သာလွယ်တယ်ဆိုတဲ့အတိုင်း ထိုစကားလုံးတွေ ရိပေါ်နှုတ်ခမ်းမှလျှပ်တပြက်ပင်ထွက်မလာ။ မိသားစုဝင်တွေပဲသိတဲ့ အတွင်းစကားကိုပြောဖို့သတ္တိမရှိ။ မြတ်နိုးရတဲ့ Sean သူ့ကိုမုန်းသွားမှာထက် သူ့မစဉ်းစားမဆင်ခြင်မှုကြောင့် Sean အန္တရာယ်ဖြစ်မှာပိုကြောက်သည်။

Lilac under Moonlight ||Completed||Where stories live. Discover now