Final 3. Lilac embraced by Moonlight

4.5K 545 29
                                    

"ငါသတိမေ့နေတာ တစ်လတောင်ရှိပြီလား"

ရှောင်းကျန့်အမေးကို ရိပေါ်ခေါင်းငြိမ့်ရင်း ဆန်ပြုတ်ထဲကိုငရုတ်ကောင်းနည်းနည်းထည့်လိုက်တယ်။ အခုမှနေကောင်းကာစရှောင်းကျန့်ကို သူ့ချစ်သူဝမ်ရိပေါ်က ဆန်ပြုတ်ခွံ့ကျွေးဖို့ပြင်နေတာဖြစ်တယ်။

"ဒီလောက်အကြာကြီးနေမှ ဘယ်လိုဖြစ်ပြီးနိုးလာပါလိမ့်"

"ကြည့်ရတာ ငါ့နည်းလမ်းကအလုပ်ဖြစ်တာလားမသိဘူး"

"ဘာနည်းလမ်းလဲ"

"ပြန်နိုးဖို့မင်းအပေါ်မူတည်တယ်လို့ Patrick ကပြောတယ်၊ အဲဒါကြောင့် မင်းကိုတိုက်မယ့်ဆေးရည်ထဲ ငါ့မှတ်ဉာဏ်တချို့ရောထည့်ပြီး မင်းအသိစိတ်ကိုလှုပ်ရှားကြည့်တာ"

ရိပေါ်က ဆန်ပြုတ်တစ်ဇွန်းကိုမပူအောင်မှုတ်ရင်း ရှောင်းကျန့်ကိုခွံ့တယ်။ ရိပေါ်ခွံ့ကျွေးတာစားပြီး ခေါင်းတငြိမ့်ငြိမ့်လုပ်တဲ့ရှောင်းကျန့်က အသစ်အဆန်းတစ်ခုကိုသိလိုက်ရတဲ့ကလေးလေးအတိုင်း။

"ဒါဆိုငါ့ဆီရောက်လာတဲ့ အပြာရောင်အလင်းလုံးက မင်းရဲ့မှတ်ဉာဏ်ဖြစ်မယ်ထင်တယ်၊ Erika က အဲ့ဒါကိုမြင်မြင်ချင်း ငါ့ကိုလာခေါ်ပြီလို့ပြောတာဆိုတော့"

"Erika...? ငါ့အမေနာမည်နဲ့တူလိုက်တာ၊ အဲ့ဒါဘယ်သူလဲ"

ရှောင်းကျန့်အခုမှသတိရသွားပြီး ရိပေါ်လက်ထဲကဆန်ပြုတ်ပန်းကန်ကို စားပွဲပေါ်တင်လိုက်တယ်။ အဲ့ဒီနောက် ရိပေါ်လက်နှစ်ဖက်ကို တယုတယဆုပ်ကိုင်ပြီး။

"တကယ်တော့ ရိပေါ်... အဲ့ဒါမင်းရဲ့အမေပဲ"

"ဟမ်..."

"ငါသတိလစ်နေတုန်း အဖြူရောင်တွေရှိတဲ့နေရာဆီရောက်သွားတယ်၊ အဲ့မှာသူ့ကိုတွေ့တယ်၊ သူပြောတာတော့ အဲ့နေရာက ဒီဘဝနဲ့နောက်ဘဝဆက်ကြားတဲ့၊ ဒီဘဝကိုစိတ်မပြတ်တဲ့လူတွေက အဲ့မှာနေကြရတယ်တဲ့၊ သူအဲ့မှာစောင့်နေတာကြာပြီ ရိပေါ်၊ မင်းကျန်းကျန်းမာမာကြီးပြင်းရဲ့လား၊ ငါနဲ့ပြန်ဆုံရဲ့လား၊ မင်းအဖေနဲ့အဆင်ပြေရဲ့လားစိတ်ပူလို့ အဲ့ကနေထွက်မသွားနိုင်ခဲ့ဘူးတဲ့"

ရိပေါ်နာကျင်တဲ့အပြုံးတစ်ပွင့်နဲ့ ခေါင်းငုံ့လိုက်ရင်း။

Lilac under Moonlight ||Completed||Where stories live. Discover now