Part 4

23 3 0
                                    

I can't forgive you anymore

Part 4

စာလုပ်​တဲ့အချိန်​မှာ​တောင်​ Xiao Zhan ရဲ့  အာရုံက Yibo ဆီပဲ​ရောက်​​နေတာမို့ ​မေ့ချင်း က​တောင်​ ​နေမ​ကောင်းဘူးလား​မေးရတဲ့အထိ။

"​မေ့ချင်း ဒီ​နေ့​တော့ဒီ​လောက်​နဲ့ ​တော်​ရ​အောင်​ ငါကိစ္စရှိ​သေးလို့ "

"ရတယ်​​လေ ဒါဆိုငါပြန်​ပြီ"

ပြန်​ပြီ​ပြောတာက ​မေ့ချင်း​ ဆို​ပေမယ့်​ စားပွဲ​ပေါ်က​နေ ဝုန်းခနဲထပြီး အပြင်​ထွက်​သွားတာက Xiao Zhan ဖြစ်​သည်​။
Yibo တို့ အိမ်​​ရှေ့​ရောက်​​တော့ ပန်းပင်​​ရေ​လောင်း​နေတဲ့ Yibo မားမား​ကြောင့်​ Xiao Zhan ကိုယ်​ရှိန်​သတ်​လိုက်​ရသည်​။

"အန်​​တီ Yibo အိမ်​မှာရှိတယ်​ဟုတ်​"

"​အော်​ Xiao ​လေး လာ​လေ ရှိတယ်​ မင်းညီက ပြန်​လာကတည်းက အခန်း​အောင်း​နေတာ အပြင်​လဲထွက်​မလာဘူး"

"ကျွန်​​တော့်​ကိုစိတ်​​ကောက်​သွားတာပါ သူငယ်​ချင်းနဲ့ စာလုပ်​​နေ​တော့ ချက်​ချင်းလိုက်​မ​ချော့မိတာ"

"​Wang yibo တို့ ပြဿ     နာလုပ်​ပြန်​ပြီ"

"ပြဿ     နာမဟု​တ်​ပါဘူး အန်​တီရာ Yibo ​လေးက ကျွန်​​တော်​မို့ ဆိုးတာပါ"

"​အေးပါ သွားသွား Yibo အခန်းထဲမှာရှိတယ်​"

"ဟုတ်​ကဲ့အန်​တီ"

Yibo တို့ တစ်​အိမ်​လုံးမှာ Xiao Zhan အရင်းနှီးဆုံး​နေရာက Yibo အခန်းပဲ။
က​လေးငယ်​က စိတ်​​ကောက်​ပြီး ပြန်​လာတိုင်း အခန်းထဲက​စောင်​ပုံထဲဝင်​​ခွေ​နေကြ​လေ။
သူကလဲ အခန်းထဲဝင်​​ချော့​နေကြပဲ။

"Yibo ​ရေ... ကိုကို့ ကိုစိတ်​ဆိုးသွားတာလား"

"..."

"Yibo"

"..."

"​စောင်​ထဲကထွက်​လာပါဦး Yibo ​လေးရဲ့ "

Xiao Zhan ဘယ်​လို​ခေါ်​ခေါ်​စောင်​ထဲက ထွက်​မလာတဲ့ Yibo ​ကြောင့်​ Xiao Zhan က သူ့ ရဲ့ က​လေး​ချော့နည်းကိုတစ်​ဆင့်​မြှင့်​ရသည်​။  
Yibo ကို​စောင်​ပုံကြားက ဆွဲထုတ်​ခြင်း​ပင်​။ တကယ်​တမ်း ​စောင်​ကိုဆွဲဖို့ လုပ်​​တော့ ရှိုက်​သံ​သေး​သေး​လေးကို Xiao Zhan ပီပီသသ ကြားလိုက်​ရသည်​။

I can't forgive you anymore !Where stories live. Discover now