Part 2

40 6 0
                                    

I can't forgive you anymore!

Part 2

Yibo ဆိုင်​ကယ်​ရပ်​လိုက်​တဲ့​နေရာကိုကြည့်​​လိုက်​​တော့ အထပ်​မြင့်​ကွန်​ဒိုတိုက်​ခန်း​တွေရှိတဲ့​နေရာ..။

ဆိုင်​ကယ်​​ပေါ်ကဆင်း​တော့ Yibo က Xiao Zhan လက်​ကိုဆွဲလို့ အ​ပေါ်တက်​သွားသည်​။
ဒုတိယထပ်​ရဲ့ ညာဘက်​အခန်းကိုဖွင့်​လို့ Yibo က Xiao Zhan ကို ဧည့်​ခန်းကဆိုဖာ​ပေါ်ထိုင်​​စေသည်​။
သူက အ​နောက်​ထဲကိုဝင်​သွားပြီး ​ရေခဲ​သေတ္တာထဲက ​ရေခဲ​တွေနဲ့ ပုဝါ​လေးတစ်​ထည်​ကိုပါ တစ်​ပါတည်းယူလာသည်​။

Xiao Zhan ​ဘေးကို Yibo ပါဝင်​ထိုင်​ရင်းသူ့အခန်းကိုကြည့်​​နေတဲ့ Xiao Zhan ကိုရှင်းပြသည်​။

"ဒီအခန်းက ဘယ်​သူမှမသိ​အောင်​ကျွန်​​တော်​ဝယ်​ထားတာ​လေ ကိုကို က ဒီကိုလာတဲ့ ပထမဆုံး ဧည့်​သည်​ပဲ။"

"​ဒီမှာအမြဲ​နေတာလား"

"စိတ်​အပန်း​ဖြေချင်​တိုင်းလာ​နေကျ​ပေါ့"

Xiao Zhan ရဲ့ အ​မေးကို​ဖြေပြီးတာနဲ့ သူက ​ရေခဲအုပ်​ထားတဲ့ပုဝါကို Xiao Zhan ပါး​ကဒဏ်​ရာ​ပေါ် ခပ်​ဖွဖွ တင်​လာသည်​။

"အ့ာ"

""Sorry ကိုကို နာသွားလား"

"မနာပါဘူး ရုတ်​တရက်​မို့ လန့်​သွားလို့ "

"ကျွန်​​တော်​​ဖြေး​ဖြေးလုပ်​​ပေးမယ်​​နော်​"

သေ​သေချာချာ ဂရုတစိုက်​လုပ်​​ပေး​နေတဲ့ Yibo ​ကြောင့်​ Xiao Zhan ဘာမှဆက်​မ​ပြောဖြစ်​​တော့...။
Yibo ကိုယ်​တိုင်​ကလဲ ​ရေခဲကပ်​​ပေးခြင်းကိုသာ အာရုံထား​နေသည်​။
အတန်​ကြာပြီး​နောက်​ တိတ်​ဆိတ်​မှုကိုဖြိုခွဲလိုက်​သူက Xiao Zhan ။

"​တောင်းပန်​ပါတယ်​"

သူ့ ရဲ့ ​တောင်းပန်​သံအဆုံးမှာ Yibo ရဲ့ လက်​​တွေက လှုပ်​ရှားမှု​တွေရပ်​တန့်သွားသည်​။
Yibo ကဘာမှဆက်​မ​ပြောဘဲ Xiao Zhan ကိုသာ ​ငေးရင်းကြည့်​​နေသည်​။
ခဏအကြာမှာ မချပြုံးပြုံးရင်း သူကစကားစလာသည်​။

"ကျွန်​​တော့်​​ကြောင့်​​ရွေးချယ်​ခဲ့တာမလား"

"Yibo"

I can't forgive you anymore !Where stories live. Discover now