Part 5

65 5 0
                                    

I can't forgive you anymore 5

"ကျွန်​​တော်​သ​ဘောမတူဘူး"

ရိုက်​ကူး​ရေးပြီးလို့  ပြန်​ခါနီးမှာ ကြားရတဲ့စကား​ကြောင့်​ Yibo ရဲ့ အသံက ဟိန်းခနဲ ထွက်​လာသည်​ ။
ရှန်​ဟိုင်းမှာ နှစ်​ပတ်​​နေပြီးလုပ်​မယ့်​ရိုက်​ကူး​ရေး Plan က တစ်​ပတ်​​တောင်​မပြည့်​​သေးဘဲ ဒီညချက်​ချင်း ​ပေကျင်းကိုပြန်​ပြီး ​ပေကျင်းမှာဆက်​လုပ်​မည်​ တဲ့။

ဘယ်​လို​တောင်​မဆီ​လျော်​လိုက်​သလဲ။
အရင်​ကလိုသာဆို Yibo က ဘာမှမ​ပြောဘဲ လိုက်​သွားလို့ ရ​ပေမယ့်​ အခုကမတူဘူး​လေ။ Xiao Zhan နဲ့ သူဆုံရတာ ၂၄ နာရီ​တောင်​မပြည့်​​သေးဘူးမလား..။

"Yibo အကိုတို့ လဲအ​ခြေအ​နေအရမို့ ပါ"

"အ​ခြေအ​နေအရဆို​တောင်​ ကျွန်​​တော်​မသိထားဘဲ ​နေ့ချင်းညချင်း သွားတယ်​ဆိုတာဖြစ်​သင့်​လား"

ဘာ​ကြောင့်​လဲမသိ​ပေမယ့်
ရှန်​ဟိုင်းနဲ့ ပတ်​သတ်​ရင်​ Yibo ဟာ ဘယ်​​လောက်​အစွဲကြီးလဲဆိုတာသိထားတာမို့ ဒီက​လေးကို မယဉ်​​ကျေးဟုလည်း​အပြစ်​မဆိုသာ..။

သူတို့ ကလဲဘာမှမသိဘဲအထက်​ကပြန်​လာဆိုသည်​​ကြောင့်​ ပြန်​ကိုပြန်​ရမည်​ပင်​။

နောက်​ဆုံးမှာ Yibo က ​ဒေါသကိုတစ်​ထစ်​​လျော့လို့ အသံကိုလဲငြင်​သာ​အောင်​လိုက်​​လျောပြီး​ပြောသည်​။

"​ကောင်းပြီ​လေ သန်​ဘက်​ခါ ​ပေကျင်း ရိုက်​ကွင်းကို ကျွန်​​တော်​​ရောက်​​အောင်​လာပါ့မယ်​"

အားလုံးက ဒီညပြန်​ထွက်​ဖို့ ပြင်​ကြတယ်​ဆို​ပေမယ့်​ Yibo က ဆိုင်​ကယ်​ကို​မောင်းထွက်​လို့  Xiao Zhan ရှိ​နေမယ့်​​တိုက်​ခန်းကိုပဲ ပြန်​လာ​သည်​။

သူ့ ကိုကိုက အိမ်​ခဏပြန်​ပြီးရင်​ ပြန်​လာ​စောင့်​​နေမယ်​​ပြောသွားသည်​​လေ။

ဆိုင်​ကယ်​​မောင်း​နေရင်းနဲ့ မှ တစ်​ခုခုကိုအ​တွေး​ပေါက်​သွားတဲ့​ကောင်​​လေးက ဆိုင်​ကယ်​ကိုလမ်း​ဘေးထိုးရပ်​လို့ မန်​​နေဂျာဖြစ်​သူထံဖုန်းလှမ်းဆက်​သည်​။

You've reached the end of published parts.

⏰ Last updated: Jan 22, 2021 ⏰

Add this story to your Library to get notified about new parts!

I can't forgive you anymore !Where stories live. Discover now