အပိုင်း(၆)

7.8K 961 54
                                    

Zawgyi

"daddy daddy!!!!"

အသံဆူဆူလေးနဲ့ jungkook ကိုနှိုးနေသော haejoon ကြောင့် မျက်စိကဖွင့်ရတော့တယ်။ဘေးနားကနာရီကိုကြည့်မိတော့ အစောကြီးရှိသေးသည်ပင်။

"ထတော့လေ daddy ထတော့ ရုံးသွားရမယ်"

တစ်ခါမှလာမနှိုးဖူးသော သူ့သားကြောင့်အထူးအဆန်းပင်။ဒီကလေးဒီလောက်တောင်အစောကြီးဘာလို့နိုးနေရတာလဲ။

"သား အစောကြီး...!"

"daddy ထတော့။သားတို့ဖေဖေ့ဆီသွားရမယ်"

ဒီကလေးနဲ့တော့ပြောရဆိုရ တကယ်ခက်တာပဲ။

"ကောင်းပါပြီ daddy ထပြီ ဟုတ်ပြီလား..."

"ဟုတ် မွမွ!!!!"

ပါးပြင်ကိုလာနမ်းသောသူ့သားကိုပွေ့ဖက်လိုက်ရင်း ပြန်ပြီးမွှေးမွှေးပေးရတော့တယ်။ဒီနေ့ရဲ့မနက်ခင်းကတော့ jungkook အိမ်က ကလေးငယ်ရဲ့မြူးကြွတဲ့အသံလေးတွေဆူညံ့နေသည်ပင်။

အောက်ထပ်ကကြီးကြီးကတော့ဒီသားအဖကြောင့်ပြုံးနေမိတယ်။

__________________

ဆိုင်ပိတ်ထားသော jimin ဆိုင်ရှေ့တွင်ရပ်စောင့်နေမိ​သောသူတို့မှာ jungkook နဲ့ haejoon ပင်။haejoon လုပ်လို့အစောကြီးလာနေမိသည်။မနေ့ညကအလုပ်ပိမိသွားသည်ကြောင့် ဇက်ကျောတတ်နေပြီထင်တယ်။

"daddy ဖေဖေကလည်းမလာသေးဘူး..."

"အင်း haejoon ကအ​စောကြီးလာတာကို အခုမှ(၈)နာရီတောင်မထိုးသေးဘူးလေ"

"သားက ဖေဖေကိုအစောကြီးတွေ့ချင်တာကို...."

haejoonရဲ့လက်သေးသေးလေးတွေကိုတွဲထားရင်းသူ့သားကိုမေးမိလိုက်သည်။

"သား တကယ်ပဲ အဲ့ဦးကိုဖေဖေလို့ပဲခေါ်တော့မှာလား"

"ဟုတ် daddy !!!! "

haejoon ကိုကောက်ပွေ့လိုက်ရင်း ထိုကလေးရဲ့မျက်လုံးတွေကြည့်မိသည်။

"သားကဘာကြောင့်များ ဖေဖေခေါ်ချင်ရတာတုန်း daddy လည်းရှိနေတာပဲလေ"

ဒီတစ်ခါတော့ချော့တလှည့်နဲ့မေးရမည်။

"ဖေဖေကိုတွေ့လိုက်ချိန်က အရမ်းလှတဲ့နတ်သားလေးလိုပဲ daddy"

Daddy,He Is My FatherWhere stories live. Discover now