Zawgyi
"ဖေဖေရေ!!!!!!!"
ကော်ဖီဆိုင်ထဲဝင်လာသော jimin မှာအသံကျယ်ကျယ်လေး အော်ခေါ်နေသည့် ဖေဖေ ဆိုတဲ့အသံကြောင့် ဆိုင်ထဲတွင်ထိုင်နေကြသော မိန်းကလေးအချို့တွေက ချက်ချင်းဆိုသလိုဖြင့် ကြည့်ကြကာ တိုးတီးစွာဆိုကြတော့သည်။
"ဘာလား"
"ဆိုင်ရှင်ရဲ့သားလေးလား"
"ဟုတ်ပါ့ဟယ်....နုဖက်နေတာပဲ"
"ချစ်စရာလေးတော့်"
"ဆိုင်ပိုင်ရှင်က ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ကျတာထင်တယ်"
"အဖေရော၊ သားရောက နုလိုက်ကြတာ"
"ဆိုင်ရှင်မှာ ဒီလောက်အရွယ်ကလေးရှိမယ်တောင် မထင်ထားဘူး"
စသော၊စသော စကားသံတွေနဲ့ တိတ်တိတ်ဆိတ်ဆိတ်အတင်းပြောကြသည်။ဒါကိုကြားသော jimin မှာရယ်ချင်နေမိတယ်။
"jimin လာပြီလား"
လာပါပြီ ကျတော်တို့ရဲ့ကော်ဖီဆိုင်ရှင် ခန့်ညားသောသူရောက်လာပြီ။ထိုင်နေသော မိန်းမသားအချို့ကတော့ အသဲပုံမျက်လုံးများနဲ့ကြည့်နေသည်လေ။
"ဟုတ် namjoon hyung..."
"လာ...မင်းအတွက် ကော်ဖီယူလာပေးမယ်"
"ဟုတ်ကဲ့ hyung"
ကော်ဖီဖျော်ပေးနေသော namjoon hyung ကကျတော့်ရဲ့တစ်ဦးတည်းအစ်ကိုလိုခင်မင်ရသောသူပင်။ ကျောင်းသားဘဝတုန်းကလည်း အစစအရာရာ ကူညီပေးသောသူဖြစ်လျက် အခုတော့ကော်ဖီဆိုင်ပိုင်ရှင်တောင်ဖြစ်ပြီလေ။
"ရော့ဒီမှာ jimin"
"ကျေးဇူးတင်ပါတယ် hyung"
"ကဲ ပြောပါဦး... ဘာသတင်းတွေထူးပြန်ပြီလဲ"
အရှေ့ကထိုင်ခုံတွင်ဝင်ထိုင်လိုက်ရင်း namjoon ဆိုလိုက်သည်။
"ဒီလိုပါပဲ"
"ဟင် jimin...မင်း မျက်နှာ"
အခုမှသတိထားမိဟန်ရှိသွားတဲ့ namjoon မှာ jimin ရဲ့နှုတ်ခမ်းကဒဏ်ရာနဲ့အတူ အရှင်းမပျောက်သေးဘဲ မညိုတညိုလေးရှိနေသည့် ပါးရဲ့ဒဏ်ရာကိုသတိထားမိသွားသည်။
![](https://img.wattpad.com/cover/249177766-288-k401343.jpg)
YOU ARE READING
Daddy,He Is My Father
Fanfictionhaejoon ဆိုတဲ့ကလေးမှာ daddy ဆိုတဲ့ jeon jungkookရှိပြီး haejoon က ဖေဖေလို့ခေါ်နေတဲ့ park jimin လေးရှိနေသည်လေ.... သို့ပေမဲ့ jungkook နှင့် jimin သည်ဘာမှမသက်ဆိုင်သူတွေဖြစ်ကြသည်။ JIKOOK FanFiction font - Unicode & Zawgyi