အပိုင်း(၁၄)

7.6K 912 129
                                    

Zawgyi

မှောင်မဲသည့်ကားလမ်းဆို​ပေမဲ့ လမ်းမီးတိုင်​တွေ​ကြောင့်လင်း​နေ​သည်​လေ။တိတ်ဆိတ်​သောကားငယ်​လေးက ထိုကားလမ်းမ​ပေါ်​တွင်တ​ရွေ့​ရွေ့နဲ့သာ။

လွန်ခဲ့​သော နာရီခန့်က....

"ငါက ...မင်းသားအတွက်ငါ့ကိုလိုအပ်တယ်​ပေါ့...ဒါဆို ငါမင်းကို​မေးမယ် မင်း​ရော ငါ့ကိုလိုအပ်လား"

"ဗျာ....."

ပြန်မ​ဖြေလာသည့် jungkook ရဲ့​တွေ​​ဝေနေ​သောမျက်နှာကိုရိပ်မိလိုက်ရင်း jimin အသံတိတ်ရယ်လိုက်မိသည်။ငါကိုက​မျှော်မှန်း​နေပြန်ပြီလား jimin ရာ။

"ထားပါ haejoon အတွက်hyungကိုလိုအပ်တာမလား အင်း ....hyungလိုက်ခဲ့​ပေးမယ် jungkook"

jimin  ရဲ့ပြုံးရယ်စွာ​ပြော​နေသည့်ပုံစံကို jungkook သိပ်မကြိုက်ပါ။

"jimin hyung..."

"jungkook သွားရ​အောင် ငါတို့မနက်​ရောက်မှဖြစ်မယ်​လေ"

ပုံမှန်​အေး​ဆေးစွာ​ပြောရင်းအခန်းထဲက​နေ jungkook ကိုတချက်​တောင်လှည့်မကြည့်ပဲထွက်လာမိသည်။အ​ဒေါ်နဲ့ဦး​လေးကို​သေချာ​ပြောပြ​ပေမဲ့ တစ်ညအိပ်ပြီးမှသွားပါလားဆို​ပေမဲ့ haejoon ​လေး​ကြောင့် အမြန်ဆုံးသွားရမည်ကို ​​သေချာရှင်းပြရင်းထွက်လာခဲ့ရသည်။

ပင်လယ်​ရဲ့​ရေလှိုင်းအသံကကားသွားရာတ​လျှောက်ကြား​နေရသည်မို့အပြင်ဘက်ကိုသာ​ငေးကြည့်​နေမိသည်။သို့​ပေမဲ့ဝင်လာရသည့်ထို​နေ့ညအဖြစ်အပျက်​တွေကို သူသတိရမိသွားသည်​လေ။

jungkook သည်ထိုညကအရမ်းအမူးလွန်ရင်း အိမ်​ပေါ်သို့တွဲ​ခေါ်​ပေးမိခဲ့သည်​လေ။သို့​ပေမဲ့ကုတင်​ပေါ်သို့အ​ရောက်မှာ သူ့လက်ကိုဖမ်းဆွဲလိုက်သည့် jungkook ​ကြောင့်အနည်းငယ်လန့်သွားမိတယ်။

"ခင်ဗျားကို!!!!"

"jun...gkook"

အရက်မူး​နေ​သော်လည်း လက်ကိုညစ်ထားသည့်သူ့အားကမ​တော်လှ၊လက်ကအနာအရှိုန်​ကြောင့် jimin အနည်းငယ်ရုန်းမိလိုက်​တော့ကုတင်​ပေါ်သို့ဆွဲချလိုက်သည့် jungkook ​ကြောင့်သူလန့်မိသွားသည်။

"jungkook မင်း...."

"ဟက်!!! ကျ​တော်နဲ့သားကြားမှာ ဝင်ရှုပ်တဲ့ ခင်ဗျားက ဒီမျက်နှာ၊ဒီအပြုံး​တွေနဲ့ ကျ​တော်တို့စီကိုများ !!!!ဘာလို့ခင်ဗျားက​ !!!ခင်ဗျားကရောက်လာရတာလဲ!!!!"

Daddy,He Is My FatherWhere stories live. Discover now