Part-1

5.2K 234 0
                                        

မျက်လုံး ၂လုံးဖွင့်တာနဲ့ မြင်မြင်သမျှ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။

ဝုန်း! ဒုန်း! ခလွမ်!

"သခင်မ..."

"ငါကြားတယ်၊ သူဆင်းသွားတာနဲ့ ပရိဘောဂတွေလဲလိုက်"

ကျွန်တော့်စိတ်ကြိုက် သောင်းကျမ်းပြီးချိန်မှာ ကျောင်းသွားဖို့အားလုံးပြင်ဆင်လိုက်ပြီး ဆင်းခဲ့သည်။

အောက်ထပ်ကိုရောက်တော့ ဧည့်ခန်းထဲမှာ ကျွန်တော့်အမေကိုတွေ့ရသည်။ ခြေတစ်ဖက်ကိုချိတ်ပြီး ထိုင်နေသည်။ လက်၁ဖက်ကဆေးလိပ်ကို ဖွာရင်း လက်၁ဖက်က ကွန်ပြူတာပေါ်မှာ ရွေ့လျားနေသည်။ driverလာတာနဲ့ ကားဆီကိုပဲတန်းသွားလိုက်သည်။

အော်...ကျွန်တော်တို့ သားအမိရဲ့ပုံစံကို ကြည့်ပြီး နားမလည်လောက်ဘူးထင်တယ်။ အကြောင်းအရင်းက ဒီလိုဗျ....

Flashback

အမေက မျိုးရိုးမြင့်ပြီး ချမ်းသာတဲ့ မိသားစုက ဆင်းသက်လာခဲ့တာပါ။ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် အမေက နောင်အနာဂတ်မှာ နန်းတက်မယ့် ဘုရင်မလောင်းလျာလေ။ အဖေကတော့ သာမန် ပြည်သူတစ်ယောက်ပါ။ အဖေက သဘာဝကိုချစ်တယ်။ လွတ်လပ်မှုကိုချစ်တယ်။ သူ့ရဲ့မွေးရပ်မြေဖြစ်တဲ့ busanက လယ်ကွင်းလေးတွေ သီးနှံစိုက်ကွင်းလေးကို အရမ်းလည်း ချစ်သလို အရမ်းတန်ဖိုးထားတယ်။ ပြီးတော့ အရမ်းလည်း အ သလို အရမ်းလည်းရိုးသားတယ်။ အဖေနဲ့အမေက အရမ်းချစ်ကြတာ။ ဒါပေမယ့် အမေ နန်းတက်ပြီးတဲ့နောက် တစ်နေ့မှာတော့

"ရှင် ဒါဘာလုပ်တာလဲ"

"မင်းဘာတွေငါ့ကို လာပြောနေတာလဲ"

"ကျွန်မတို့တွေက နန်းတွင်းမှာနေတဲ့သူတွေနော်။ ပြီးတော့ ကျွန်မက ဒီနိုင်ငံရဲ့ ဘုရင်မ၊ ရှင်က ကျွန်မ ခင်ပွန်း။ အနေအထိုင်တွေ ဆင်ခြင်ပါ။"

"ငါဘာလုပ်နေလို့လဲ..."

"ဒီပုံတွေကို ကြည့်လိုက်ပါဦး၊"

"ဒါက ငါတို့ရွာသားတွေနဲ့ငါ စကားပြောနေတဲ့ပုံပါ။ ဘာဖြစ်လို့လဲ "

"အခု ရှင်က သာမန်လူမဟုတ်တော့ဘူးလေ၊ အနေအထိုင်ဆင်ခြင်မှပေါ့"

My life=You (My Life Equal To You)Where stories live. Discover now