ကျွန်တော်နဲ့ jungkook လက်တွဲပီး လမ်းလျှောက်နေတုန်း
Ring Ring Ring
"Hello? Nae... နားလည်ပါပြီ"
"Taehyung ah ဘာဖြစ်လို့လဲ"
"အရေးကြီးကိစ္စလေးပေါ်လာလို့ပါ"
"အဲ့ဒါဆို သွားလိုက်လေ... ငါအတွက် စိတ်မပူပါနဲ့...jimin hyungတို့ကို လာခေါ်ခိုင်းလိုက်မယ်"
"ရရဲ့လား?"
"ရပါတယ်"
"အာ့ဆို ဂရုစိုက်နော်...ကိုယ်သွားပြီ"
Taehyung ထွက်သွားပြီး ခဏအကြာ ကားအနက်တစ်စီးရောက်လာပြီး jungkookကို ခေါ်သွားလေသည်။
...........................
ထူးထူးခြားခြား အဖွားက ဆိပ်ကမ်းတစ်ခုဆီ ကျွန်တော့်ကို ခေါ်သည်။ ကျွန်တော်ရောက်တော့ အဖွားက ထိုင်ခုံတစ်ခုပေါ် ထိုင်ကာ နေသည်။
"အဖွား ကျွန်တော်ရောက်ပါပြီ"
"လိုရင်းပဲပြောမယ်... ပြောစရာရှိလို့ခေါ်လိုက်တာပါ"
"Nae"
"မင်းက ငါ့ကို ပြန်အာခံဖို့ ကြိုးစားနေတယ်ဆို"
"မဟုတ်ပါဘူး"
"Taehyung... Taehyung... သေချာနားထောင် ငါမွေးထားတဲ့ကျားက ငါ့ကို ပြန်ကိုက်ခွင့်မရှိဘူး... ကုန်ကုန်ပြောရရင် မင်းအမေတောင် ငါ့ကို အာခံလို့မရဘူး..."
". ........"
ဖြောက်
လက်ဖြောက်တစ်ချက်တီးလိုက်သည်။
"Taehyung..."
အသံလာရာကို ကြည့်လိုက်တော့ jungkook။
"Jungkook!!"
Jungkookဆီ သွားဖို့ ဟန်ပြင်စဉ်မှာပဲ လူနှစ်ယောက်က တစ်ဖက်တစ်ယောက်စီနေပြီး ကျွန်တော့်ကို ချုပ်ထားကြသည်။ jungkookကိုလည်း ထိုနည်းတူစွာပင်။
"ခင်ဗျား ဒါဘာလုပ်တာလဲ?"
"မင်းအားနည်းချက်ကို ဆွဲထုတ်လိုက်တာလေ... ငါတို့လိုလူတွေက အားနည်းချက်မထားရဘူးကွ"
"ခင်ဗျား!"
သူမက jungkookအနားကို သွားကာ jungkook၏ လည်ပင်းကို အိပ်ဆောင်ဓားတစ်ချောင်းဖြင့်ထောက်ထားသည်။

YOU ARE READING
My life=You (My Life Equal To You)
FanfictionJungkook: သူဟာ ကျွန်တော့်အတွက် အရာရာပဲ။ သူပျော်ရင် ကျွန်တော်ပျော်တယ်။ ကျွန်တော့်ကြောင့် ဆိုးသွမ်းနေတဲ့ လူဆိုးကြီးကို ကျွန်တော်ပြုပြင်ပေးမယ်။ ကျွန်တော့်ရဲ့ အချစ်တွေနဲ့ ပြောင်းလဲပေးမယ်။ V: ငါက လူဆိုးမဟုတ်ပါဘူး။ But မင်းနဲ့ပက်သက်လာရင်တော့ အရမ်းကိုဆို...