ရုံးခန်းထဲမှာ vအလုပ်လုပ်နေစဉ်
Secretary "မင်းသား.."
V"ပြော"
Secretary" မင်းသားSuga အခေါ်လွှတ်လိုက်ပါတယ်"
V(hyungက ဘာလို့ခေါ်တာလဲ)
V"ရပြီ မင်းသွားတော့"
Suga hyungက ကျွန်တော့်ရဲ့ အကိုတစ်ယောက်ပါပဲ။ ပြောရရင် အဖွားရဲ့ သမီးကြီးက မွေးတဲ့သားပါ။ သူက အေးစက်တည်ငြိမ်ပေမယ့် ကျွန်တော့်ကိုတော့ အရမ်းချစ်ပါတယ်။
အလုပ်ကိစ္စတွေကို ရပ်ပြီး suga hyungဆီကို သွားလိုက်သည်။ Suga hyungရဲ့ ရုံးခန်းကိုရောက်တော့
ဒေါက် ဒေါက်
Suga"ဝင်ခဲ့"
အခန်းထဲကိုဝင်လိုက်ပြီး suga hyungကို ကျွန်တော် အရိုအသေပေးလိုက်သည်။
V"hyung. .. ကျွန်တော့်ကို ခေါ်တယ်ဆို?"
Suga"အင်း... ပြောစရာရှိလို့ခေါ်လိုက်တာ ထိုင်ပါဦး"
အဲ့ဒါနဲ့ ရုံးခန်းထဲက ဆိုဖာမှာ ထိုင်လိုက်သည်။
Suga" မင်းရဲ့လက်အောက်က လူတစ်ယောက် တစ်ခြားနိုင်ငံကို ငါတို့ secretတွေ သွားပို့တယ်။ ဒါပေမယ့်
ငါ့လူတွေက အရင်မိသွားလို့ သူ့ရဲ့ planမအောင်မြင်လိုက်ဘူး"V"ကျွန်တော်ညံ့လို့ပါ hyung. .. "
Suga"မင်းညံ့လို့ မဟုတ်ပါဘူး ငါ့ညီရာ... ဒီကောင်ကိုက သတ္တိရှိလွန်းတာ... သူ့ကို အပြစ်ပေးဖို့က မင်းရဲ့လူဖြစ်နေတော့ ဘာမှမလုပ်လိုက်တာ... သူ့ကို ငါကတော့ ဖမ်းပေးပြီးသွားပြီ ကျန်တာကတော့ မင်းအပိုင်းပဲ..."
ဆိုပြီး suga hyungက ကျွန်တော့်ပုခုံးကို ပုတ်ပေးသည်။
V"ဒါဆို ကျွန်တော် သွားလိုက်ဦးမယ်"
Suga"အေး အေး"
အခန်းအပြင်ရောက်တော့
V"Hello K ကားပြင်ထား"ကားလေးတစ်စီးက အရှိန်ပြင်းစွာ ဂိုဒေါင်တစ်ခုကို ဦးတည်သွားနေသည်။
ဂျိမ်း...
ဂိုဒေါင်တံခါးပွင့်သွားချိန်
လူနှစ်ယောက်ဝင်လာသည်။ တစ်ယောက်က သက်တော်စောင့် Kဖြစ်ပြီး တစ်ယောက်က black suitဝတ်ထားကာ long coatတစ်ထည်ခြုံထားသည်။ လက်မှာလည်း နာမည်ကြီး brandအကောင်းစား ဆေးလိပ်တစ်လိပ်ကို ညှပ်ထားသည်၊ ထိုသူကား မင်းသားV။

YOU ARE READING
My life=You (My Life Equal To You)
FanfictionJungkook: သူဟာ ကျွန်တော့်အတွက် အရာရာပဲ။ သူပျော်ရင် ကျွန်တော်ပျော်တယ်။ ကျွန်တော့်ကြောင့် ဆိုးသွမ်းနေတဲ့ လူဆိုးကြီးကို ကျွန်တော်ပြုပြင်ပေးမယ်။ ကျွန်တော့်ရဲ့ အချစ်တွေနဲ့ ပြောင်းလဲပေးမယ်။ V: ငါက လူဆိုးမဟုတ်ပါဘူး။ But မင်းနဲ့ပက်သက်လာရင်တော့ အရမ်းကိုဆို...