𝐆𝐚𝐲 𝐟𝐨𝐫 𝐨𝐧𝐥𝐲 𝐇𝐢𝐦 [𝐭𝐚𝐞𝐤𝐨𝐨𝐤]

177 18 0
                                    

"မေမေရေ သားပြန်ရောက်ပြီ"

ဂျောင်ကုတယောက် ထုံးစံအတိုင်း ကျောင်းကပြန်ရောက်တာနဲ့ အခန်းအောင်းပြီး ဖုန်းကိုတန်းကိုင်တော့တာပဲ

"ဒီနေ့ ဘယ်သူတွေဘာတင်ကြလဲ ကြည့်ရအောင်"

SNS ထဲဝင်ဝင်ချင်းမြင်လိုက်ရတာက ကောင်ငယ်လေးတယောက် နောက်ထပ်ကောင်လေးတယောက်နဲ့တွဲရိုက်ထားတာလေး...
ဘာရယ်မဟုတ် သူ့အကောင့်လေးထဲဝင်ပြီးကြည့်နေလိုက်တယ်
ပုံတင်တာတော့ရှားသားပဲ...
နောက်တော့ သူ့ပုံလေးနဲ့ပိုစ့်တခု
*Happy 25th day*

ဘာရယ် ဒီကောင်လေးက 25 နှစ်
ငါ့ထက်နှစ်နှစ်တောင်ကြီးတယ်ပေါ့ မထင်ရပါလား
အောက်ကကောမန့်လေးတွေဝင်ကြည့်လိုက်တော့ မွေးနေ့ဆုတောင်းပေးထားတာလေးတွေကို ချစ်စရာကောင်းအောင် reply ပြန်ထားတာ
"ထယ်ထယ်" အများဆုံးတွေ့ရတဲ့နာမည်လေး သူ့နာမည်ဖြစ်မယ်ထင်တယ်
အဲ့နေ့ကစပြီး အကိုကကျွန်တော့်ရဲ့ အကြည်ဓာတ်လေးဖြစ်လာခဲ့တယ်
'အကို'
အင်း ဟုတ်တယ် စိတ်ထဲမှာတိတ်တဆိတ်ပေးထားမိတဲ့ နာမ်စားလေး
စိတ်ထဲမှာသူလေးနဲ့ပက်သက်တဲ့အရာလေး တခုခုတော့ကျန်ရစ်ခဲ့သည် ဘာရယ်တော့မသိ...
.
.
.
.
ကျောင်းကပြန်ရောက်လို့ ဖုန်းဖွင့်တာနဲ့ အကို့ကိုရှာရနာအမော
မတွေ့ရင်ဘာများဖြစ်လို့လဲစိတ်ပူပြီး အကောင့်ခဲပါဝင်ကြည့်ရသေးတာဗျာ
ဒီလိုနဲ့နေလာတာ တလရှိပြီ တနေ့တနေ့ active ဖြစ်နေတဲ့မီးစိမ်းလေးကိုပဲထိုင်ကြည့်နေရတာ
စကားပြောချင်တာများ ဂျောင်ကုတို့တပိုင်းတင်မက တကိုယ်လုံးပါသေနေပြီ

*ဟူး*

ဒီနေ့တော့သွားကိုပြောမယ် ဖိုက်တင်းဂျောင်ကု

- Hi -

ချက်ချင်း seen ဖြစ်သွားတာမို့ ရင်တွေကဒိန်းကနဲပဲ လက်ဖျားတွေအောင်အေးလာပြီ အကိုနဲ့တွေ့မှ မဖြစ်ဖူးတာတွေဖြစ်နေပြီ

*တင်*

- Hi -

အကိုကစာပြန်ပြီ
ဘာဆက်ပြောရမှန်းမသိတော့ဘူး ဒုက္ခပါပဲ

- နာမည်ဘယ်လိုခေါ်လဲဟင် -

- ကင်မ်ထယ်ယောင်းပါ ယူကရော -

☂ 𝚂𝚑𝚘𝚛𝚝 𝚜𝚝𝚘𝚛𝚒𝚎𝚜 ☂Dove le storie prendono vita. Scoprilo ora