မောင့်သက်လှယ်

214 22 6
                                    

Unicode ☁︎

ဆိုးလ်မြို့လမ်းမကြီးဘေးတွင် တည်ရှိသော
Irreplaceable ကော်ဖီဆိုင်လေးအတွင်း၌
ငြိမ့်ငြိမ့်ငြောင်းငြောင်းသီချင်းလေး ဖွင့်ထားလျက် အေးချမ်းလှသည်...

!ကလင်!

"ကြိုဆိုပါတယ်"

"မောင်..."

ကောင်တာမှာထိုင်နေရင်း ၀င်လာတဲ့သူရဲ့ရင်ခွင်ဆီ
အပြေးလေးခို၀င်မိလိုက်သည်။

"မောင့်သက်လှယ်လေး ပင်ပန်းနေပြီလား"

"မပင်ပန်းပါဘူးမောင်ရဲ့"

"ဟုတ်လို့လားကွာ ဒီမှာကြည့်ပါဦး နှဖူးမှာချွေးတွေတောင်ထွက်နေတာကို"

ဂျီမင့် နှဖူးထိပ်လေးမှချွေးစလေးတွေကို လက်ကလေးနဲ့အသာလေး သုတ်ပေးပြီး
နားထင်နားကဆံစလေးတွေကို နားအနောက်ထဲညှပ်ပေးကာ
ပါးပြင်လေးအား အသာအယာနမ်းရှိုက်လိုက်သည်။

"ခုနက လူအရမ်းကျသွားလို့ပါ မောင်ရဲ့"

"ဟုတ်ပါပြီ မောင့်ကိုလဲအမောပြေအားဆေးလေး ပေးပါဦး"

*ပြွတ်စ်*

"လာ မောင်
ဒီနေ့သက်လှယ်မီနူး အသစ်လေးလုပ်ထားတယ်"

"ဟုတ်လား ဒါဆိုထိုင်နေကျ၀ိုင်းမှာ စောင့်နေမယ်နော်"

"ဟုတ်ကဲ့ မောင်"

ကောင်တာအနောက်ဘက်သို့ အပြေးလေး၀င်သွားသော
ကောင်ငယ်လေးအားကြည့်ရင်း တချက်ပြုံးလိုက်မိသည်

ဒီဆိုင်ကိုစရောက်ထဲက ထိုင်နေကျ၀ိုင်းလေးကို
သွားထိုင်လိုက်ပြီး ကော်ဖီဖျော်နေသော ကောင်လေးကိုကြည့်ရင်း အတွေးတို့ကိုနယ်ချဲ့မိလိုက်သည်...
.
.
.
ဒီနေ့မနက် ဖေဖေ့ company မှာ အလုပ်သင်အဖြစ်
၀င်လုပ်ရမည့်ပထမဆုံးရက်...

company ဥက္ကဌရဲ့ သားဖြစ်နေပါသော်လဲ
ဖေဖေကရော ကျွန်တော်ကိုယ်တိုင်ကိုက ရာထူးကြီးကြီးကိုမယူပဲ အောက်ခြေကနေစပြီး အလုပ်လုပ်ဖို့သာဆုံးဖြတ်လိုက်သည်
ဘယ်အရာမဆို အခြေခိုင်မှဖြစ်တာမလား...

company  နားက ကားဂိတ်ရောက်တော့
မှတ်တိုင်မှာဆင်းပြီး ရှေ့ဆက်လမ်းလျှောက်သွားလိုက်သည်
လမ်းလျှောက်နေရင်း နှာခေါင်းထဲသို့တိုး၀င်လာသော
ကော်ဖီရနံ့သင်းသင်းလေး...

☂ 𝚂𝚑𝚘𝚛𝚝 𝚜𝚝𝚘𝚛𝚒𝚎𝚜 ☂Where stories live. Discover now