𝐂𝐫𝐮𝐬𝐡

210 34 6
                                    

Unicode

"မင်ယွန်းဂီ!!"

"မင်ယွန်းဂီ!!"

"မင်ယွန်းဂီ!!"

ဤအသံကား ကျောင်းရဲ့အားကစားရုံအတွင်း ဘတ်စကက်ဘော ပြိုင်ပွဲတခုမှ အားပေးသောအသံ...

"ဟဲ့ ပတ်ဂျီမင်"

"ဘာလဲ"

"နင်ဘာဖြစ်လို့ မင်ယွန်းဂီ ကိုအားပေးနေတာလဲ
သူကငါတို့အတန်းကမှမဟုတ်တာ"

"ဘာဖြစ်လဲ ငါ့ဘာသာကြိုက်လို့အားပေးတာ"

"ဟဲ့ ရှုံးရင် ငါတို့တစ်တန်းလုံး သူတို့အခန်းကိုသန့်ရှင်းရေး
လုပ်ပေးရမှာလေ"

"ငါကပိုတောင်ကြိုက်သေးတယ်"

"အေး အဲ့တာဆိုနင်တယောက်ထဲလုပ်ပေးလိုက်"

"လုပ်မှာ လုပ်မှာ"

မင်ယွန်းဂီ!!
မင်ယွန်းဂီ!!
မင်ယွန်းဂီ!!

မကျေမနပ်ဖြစ်နေတဲ့ ဟိုအစစ်မတသိုက်ရှေ့မှာ ပိုလို့ပိုအားပေးလိုက်သေး ဟွန့်
ဘာဖြစ်လဲ ကိုယ့် crush ကိုအားပေးတာ မကျေနပ်လဲသေ
ပတ်ဂျီမင်တို့က မင်ယွန်းဂီ မျက်နှာတကမ္ဘာပဲ

ကျွန်တော့်နာမည်က ပတ်ဂျီမင်
အထက်တန်းနောက်ဆုံးနှစ်
မင်ယွန်းဂီ ဆိုတဲ့ အသားဖြူဖြူနဲ့လူကြီးကို ကြိတ်ကြိုက်လာတာ အထက်တန်းပထနှစ်ထဲက

ဒီလူကြီးကိုစတွေ့ထဲက အိုး ပိုးစိုးပက်စက်ကို ကြွေခဲ့ရတာ
အသားကဖြူဖြူ ဘော်ဒီကတောင့်တောင့်ဖြောင့်ဖြောင့်
ဆံပင်လေးကငွေမှင်ရောင် နှုတ်ခမ်းလေးကရဲရဲပါးပါး
မျက်လုံးမှေးမှေးလေး
ချစ်စရာသွားသေးသေးလေးတွေကရှိသေးတယ်
အိုးးးးးး အပြစ်အနာအဆာမရှိအောင်ကိုချောတာပါ
ဒါကြောင့် ဒိကကြက်ပေါက်ကလေးက အဲ့ဒီကြောင်ဖြူလေးကို သည်းသည်းလှုပ်ချစ်နေရတာ ဒါပေမဲ့ ဒီလူကြီးကတော့အိပ်ဖို့လောက်ဖို့ပဲသိတာ ဒီကြက်ပေါက်လေးရဲ့အချစ်တွေကို ဘယ်မြင်နိုင်ပါ့မလဲ ဟင့်

အမလေး ပြောရင်းဆိုရင်း ဒီလူကြီးရေသောက်ဖို့ပြေးလာပြီ
ဂျိုင်းပြတ်အကျီလေးနဲ့ ချွေးတွေကရွှဲ ဆံပင်တွေကလဲအချောင်းချောင်းလေးတွေဖြစ်နေတာ
တခါတခါလှန်တင်လိုက်ရင် ပေါ်လာတဲ့ under cut ကြီးကြောင့် ပတ်ဂျီမင်တို့အသက်ထွက်...

☂ 𝚂𝚑𝚘𝚛𝚝 𝚜𝚝𝚘𝚛𝚒𝚎𝚜 ☂Where stories live. Discover now