𝐂𝐚𝐥𝐢𝐜𝐨 𝐜𝐚𝐭

337 44 10
                                    

Unicode

လူတွေကပြောကြတယ် ဘ၀ဟာတိုတောင်းလွန်းတယ်တဲ့
ဒါပေမဲ့ အဲ့စကားကကျွန်တော့်အတွက်မဟုတ်ဘူး ဆင်းဆင်းရဲရဲနေလာခဲ့တာကြာခဲ့ပြီ
ကျွန်တော့်ကဘ၀ကို ရိုးသားစွာဖြတ်သန်းတယ် ရိုးရိုးသားသားလုပ်ကိုင် စားသောက်နေရတာ တခါတလေတော့လဲပင်ပန်းတယ်

ညညအလုပ်ကပြန်ရောက်ရင် တွေးမိပါတယ်
ဖြတ်လမ်းနည်းကိုသုံးပြီး လုပ်ကိုင်စားသောက်ရမလား ဆိုပြီးပေါ့

ကျွန်တော်ကတကိုယ်ထဲသမားမို့ ရရာအလုပ်ကိုလုပ်တယ်
ပြောရရင်တော့ ပိုက်ဆံရရင်အကုန်လုပ်တယ်
မနက်ပိုင်းအလုပ်ရှိလို့ ညပြန်ရောက်ရင် တွေ့တဲ့လမ်းဘေးဆိုင်မှာ၀င်စားလိုက်တယ် ဒါမှမဟုတ်လဲ   convenience store မှာခေါက်ဆွဲပြုတ်ပဲဖြစ်ဖြစ် ၀င်စားလိုက်တယ်

ကျွန်တော့်ဘ၀မှာ မေတ္တာဆိုတာလုံး၀မရခဲ့ဘူး ငယ်ငယ်လေးထဲက မိဘတွေမလိုချင်လို့ပစ်ထားခဲ့ကြတာ
မိဘမဲ့ကျောင်းရောက်ပြန်တော့လဲ အနိုင်ကျင့်တာခံရတယ်

ကျွန်တော့်အသက်16နှစ်မှာ မိဘမဲ့ကျောင်းကနေထွက်ပြေးလာခဲ့တယ် အဲ့ဒီ့အချိန်ကစပြီး
ကိုယ့်ဘ၀ကိုကျောင်းတယ်
တခါတလေတော့ကျွန်တော့ဘ၀ကြီးကသနားစရာအကောင်းသား ဟက်..
အပေါင်းအသင်းမရှိခေါ်ပြောမဲ့သူမရှိနဲ့ ၀တ်ပုံစားပုံကိုကြည့်ပြီး မြင်တဲ့သူတိုင်းနှာခေါင်းရှုံ့ကြတယ် ဒါကလဲမထူးဆန်းတော့ပါဘူး ငယ်ငယ်ထဲကဒီလိုပဲနေလာတာ
နေသားကျနေပါပြီ

စဉ်းစားလိုက်တာအချိန်တောင် တော်တော်ကုန်သွားပြီပဲ
ဒီရက်ပိုင်းမှာ အလုပ်လေးတခုကိုတော့မြဲမြဲလေးရထားတယ်
ဒါကလဲအလုပ်ရှင်အမျိုးသမီးက ကျွန်တော့်ကိုကြိုက်နေလို့ ပစားပေးထားတဲ့သဘောပါ မကြိုက်ပေမဲ့လဲလုပ်မှာပေါ့
ဒီအလုပ်ကပင်မှမပင်ပန်းပဲ
အိမ်တွေမှာ ရေပိုက်ခေါင်းလိုက်ပြင်တယ် အဲယားကွန်းတွေလဲပြင်တယ် အိမ်တွင်းကိစ္စတေပေါ့

အခုလဲဆေးကျောင်းကအဆောင်မှာ အဲယားကွန်းသွားပြင်ပေးရမှာ

ဆေးကျောင်းသားတွေရဲ့အဆောင်ဆိုတော့ တွေ့တဲ့သူတိုင်းက မျက်မှန်လေးတေနဲ့ သန့်သန့်ပြန့်ပြန့်လေးတေနဲ့ ကျွန်တော်ကတော့ ဂျင်းအပြဲကိုမှ အပေါ်ကဂျင်းကုတ်ကို၀တ်ထားတာကြောင့် ဂျလေဘီဆိုတာ ကြည့်ရုံနဲ့သိနိုင်တယ်

☂ 𝚂𝚑𝚘𝚛𝚝 𝚜𝚝𝚘𝚛𝚒𝚎𝚜 ☂Where stories live. Discover now